ဖိုးရွှေညီမှိုင်း - ဒီခေတ်

Imge- Credit

ဒီခေတ်
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဩဂုတ် ၃၊ ၂၀၂၃

မီးကို ရှို့ပြီးရင် 
ပြန်ငြှိမ်းလို့ ရပေမယ့်...
ထုတ်ယူပြီးမှ မခုတ်ဘဲ 
ဒီဓားကို
ဓားအိမ်ထဲ ပြန်ထည့်ဖို့

ညှို့ငင်ပြီးမှ မပစ်ဘဲ 
ဒီမြားကို
ကျည်ထောက်ထဲ ပြန်သိမ်းဖို့

ကောင်းကင်ဘုံမဟုတ်
ဒီတောအုပ်မှာ ဥပဒေမရှိ။

၂၀၂၃ ဩဂတ်စ် ၂

Comments