ဖိုးရွှေညီမှိုင်း - ၇ အိပ်မက်သစ်

Design- Credit
၇ အိပ်မက်သစ်
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇူလိုင် ၇၊ ၂၀၂၃

အဲဒီ့နေ့က 
ကြွေခဲ့ရတဲ့ကြယ်တွေ
ပြိုခဲ့ရတဲ့အိမ်ထဲ။
ခြွေချခဲ့
ဖြိုချခဲ့ပြီး
အားပါးတရ အသံနက်ကြီးနဲ့
"ဓား ဓားချင်း၊ လှံ လှံချင်း"တဲ့
အပ်တချောင်း ကိုင်မထားသူတွေကို
စိမ်ခေါ်ရဲပုံများ။
" ... မမေ့ကြနဲ့"တဲ့
အိမ်နံရံမှာ သွေးနဲ့ရေးခဲ့ကြ။
ပြိုသွားတဲ့အိမ်ထဲက
ကြွေသွားတဲ့ကြယ်တွေ ပြန်ဝင်စား
ကောင်းကင်ဟောင်းကြီးရဲ့
ရာဇဝင်သစ်အတွက်
အသစ်မွေးဖွားလာတဲ့ကြယ်တွေ
အလင်း
အရွယ် 
ငယ်ကြသေးပေမယ့်
သူ့တို့ ကြုံးဝါးသံ 
ကြီးမြတ်မှု ကြီးမားစွ
"သွေး  သွေးချင်း"တဲ့။
....
(** ၂၀၁၈ ဇူလိုင် လွတ်လပ်လှိုင်း အွန်လိုင်းမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့်ကဗျာဖြစ်ပါသည်။)

Comments