ဘုန်းသု - လူငယ်ဆိုတဲ့နာမည်နဲ့လင်းနေတဲ့ကြယ်

လူငယ်ဆိုတဲ့နာမည်နဲ့လင်းနေတဲ့ကြယ်
ဘုန်းသု
(သစ်ခက်သံလွင်) ဇူလိုင် ၁၁၊ ၂၀၂၃

သီချင်းလေးအတိုင်းစီးဝင်လာတော့လည်း
ငါတို့ နှစ်နှစ်ခြိုက်ခြိုက် တီးခတ်လိုက်ကြတာပေါ့
ရော့စ်ဂီတ ဆန်ဆန်
အဖြစ်အပျက်တွေက ဝုန်းဒိုင်းကျဲလို့
အဲဒီလိုလည်း ငါတို့ ယစ်မူးလိုက်တာပဲ
စမ်းရေ စီးသံအစ
ပန်းကလေးတွေ ကြွေသံအဆုံးထိ
ငါတို့ နှလုံးသားတွေက ထိလွယ် ရှလွယ်
ဖျက်ကနဲဆို
ထိတ်ထိတ် လန့်လန့်နဲ့
ရင်ခုန်သံကို ဦးညွတ်လိုက်ကြသလို
ဘဝကို ဓားသွားပေါ် တင်ကြည့်ဖို့လည်း
ဝန်းလေးမနေဘူး။
ဟော ••• ကြည့်ဟိုကောင်းကင်မှာလင်းနေတဲ့ ကြယ်ဟာ
လူငယ်ဆိုတဲ့ နာမည်နဲ့ လင်းလို့။ ။

Comments