ဖိုးရွှေညီမှိုင်း - စစ်

Image- Credit

စစ်
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇွန် ၄၊ ၂၀၂၃

ပန်းခင်းထဲ
ပန်းပွင့်လေးတွေ
တပင်က တပင်
ဝတ်မှုန်တွေကူးပြီး
ကြည်နူးနေတာ မဟုတ်ဘူး။

တောရိုင်းထဲ
သစ်ပင်ကြီးတွေ
တပင်က တပင်
မီးညွန့်တွေကူးပြီး
တောမီးကြီး လောင်နေတာ။

၂၀၂၃ မေ ၃၁

Comments