ဘုန်းသု - ယုံကြည်ရာအရပ်ဒေသ

ယုံကြည်ရာအရပ်ဒေသ
ဘုန်းသု
(မိုးမခ) ဇွန် ၂၃၊ ၂၀၂၃

မေတ္တာဟာ ကမ်းနဲ့ဝေးလွန်းတော့လည်း
ရောက်တဲ့အရပ်ထိ လှော်ရမှာပဲ
ခန်းခြောက်လာတဲ့ကိုယ်ချင်းစာတရားမှာ
စိတ်တွေက သူ့ထက်ငါ
မျက်နှာပွင့် လူရာဝင်ချင်ကြ
အပြုံးထဲ ဝှက်ထားတဲ့ ဓားက
ဘယ်အချိန်ထိုးစိုက်မလဲ
မာနတွေ ဆိုးထားတဲ့ အနီရင့်ရင့်ဟာ
မြားအစင်းစင်း ပစ်ဝင်လာနိုင်သလို
သစ်ရွက်လေးတွေတောင်ကြွေသွားနိုင်တယ်
အံဝှက်တွေ ရှိနေသရွေ့တော့
ဒီပြိုင်ပွဲက ရှုံးနေဦးမှာပဲ မဟုတ်လား
ဝေးစမ်းပါစေ
မေတ္တာသက်ဝင်ရာ အရပ်ထိ
ကိုယ့်ယုံကြည်ချက်နဲ့ကို လှော်ခတ်နေရဦးမှာပဲ။ ။

Comments