မြသွေးနှင်းဆီ
(သစ်ခက်သံလွင်) ဇွန် ၁၆၊ ၂၀၂၃
အရောင်မျိုးစုံနဲ့ဝတ်ရုံတွေခြုံပြီး
ရို့ကျိုးလာလိုက်ကြ
မထေမဲ့မြင်ချေလိုက်ကြ
သရက်စေ့က
အရှက်မရှိဘူးလို့
အဲ့လိုလူတွေကပဲ
အရှက်ရှိရှိပြောခဲ့ကြ
မိန်းမလို မိန်းမရဆိုတာ
မိန်းမ မဟုတ်တဲ့သူတွေကပဲ
အပြောင်မြောက်ဆုံး
သရုပ်ဆောင်ခဲ့ကြ
စျေးပေါင်ကျိုးတောင်
အဆစ်လိုချင်သေးတဲ့စိတ်နဲ့
တပ်မက်မှုတွေဝယ်ခဲ့ကြ
ရှေ့တမျိုး ကွယ်ရာတမျိုး
ဘေးတမျိုး နောက်တမျိုးနဲ့
မရိုးနိုင်အောင် သိက္ခာမဲ့ကြ
ဆင်တွေ ခြင်္သေ့တွေမြင်ရုံနဲ့
ဘဝင်မတွေ့စရာ
အောက်လုံးတွေ လှိုင်လှိုင်ကြီးသုံးပြီး
မြိုင်မြိုင်ကြီး အသုံးတော်ခံကြ
အလင်းမလာခင်ထိတော့
အတင်းသာ က, နေကြဦးမယ့်အဖြစ်တွေ........
၁၄ ဇွန် ၂၀၂၀
Comments
Post a Comment