စိုးရိမ် - သားကောင်

Image- Khit Thit Media
သားကောင်
စိုးရိမ်
(သစ်ခက်သံလွင်) မေ ၁၄၊ ၂၀၂၃

စစ်ကြီးက အမွေပေးခဲ့တယ်
အမေအဖေမရှိတဲ့ ဘဝကို
စစ်ကြီးက အမွေပေးခဲ့တယ်
မျက်လုံးတစ်လုံးမရှိတဲ့ ညီမလေးကို
စစ်ကြီးက အမွေပေးခဲ့တယ်
ခြေတစ်ဖက်မရှိတော့တဲ့ ညီလေးကို
စစ်ကြီးက အမွေးပေးခဲ့တယ်
ပါးပြင်မှာဒဏ်ရာနဲ့ ကောင်လေးကို
ကျနော်ဆက်ပြီးထမ်းထားပါဦးမယ်
မျက်လုံးတစ်လုံးမရှိတဲ့ ကောင်မလေးနဲ့
ခြေတစ်ဖက်မရှိတဲ့ကောင်လေးကိုပေါ့
ကျနော်တို့မုန်းခဲ့ပါတယ် တရားမဲ့စစ်ကို...။
-
*** သရုပ်ဖော်ပုံမှာ ယင်းမာပင်မြို့နယ် ထန်းဇင်ရွာသို့ စစ်ခွေးအုပ်စု ဒလကြမ်းဝင်ရောက်လာပြီး မြင်ရာပစ်ခတ်သဖြင့် မိခင်သေဆုံးပြီး သွေးအလိမ်းလိမ်းဒဏ်ရာနှင့်ကျန်ရစ်ခဲ့လေသူ အမိမဲ့ ၄ သားအရွယ် အမိမဲ့သားလေးတယောက်၏ပုံကို ခေတ်သစ်မီဒီယာသတင်းတပုဒ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
စီစဉ်သူ

Comments