ရိုက်ပေါက် - တဖက်တည်းချက်စ်တဲ့မြင်း

တဖက်တည်းချက်စ်တဲ့မြင်း
ရိုက်ပေါက်
(သစ်ခက်သံလွင်) မေ ၃၊ ၂၀၂၃

ပင်စည်ဝေလျက်
တသက်လုံးရဲရဲတောက်လာတဲ့ယုံကြည်ချက်များ
အင်န်စီအေရဲ့
မက်လုံးရွဲရွဲအောက်ရွာပျက်ကုန်သည်သတဲ့လား
နိုင်ငံရေးဟာ
ဆုတ်ကပ်ဝေလျက် ရွားရိုးကိုးပေါက်ဗလာ
အနိုင်မခံရေးဟာ
အနှုတ်ပြနေတဲ့ ကြမ္မာဆိုးထိုးဖောက်လာ
တောင့်ခံထားတဲ့ ပြတ်သားတဲ့ ရန်ငါဝါဒဟာ
တယောက်မကျန် နားလျက် ရပ်သွားခဲ့ လန်ဖွာကွာကျလာ
အဆိုးဖက်စောင်းသွားတဲ့
မျိုးဆက်ဟောင်းများနဲ့
တိုးတက် ဖွင့်ရိုက်ပြီး ရှာဖွေလျက် စိုင်းပြင်းကာ
မျိုးဆက်သစ်လိုက်ကြီးလာ​နေတဲ့လှိုင်းတွင်းမှာ
ယုံကြည်ခြင်းတခုစာခြားသွားပြီ
ပင်ပန်းသောလူအိုတဖက်သည်
အိပ်ငိုက်ချင်နေခဲ့ခြင်းသာ
ရွှင်လန်းသောလူပျိုတဖက်သည်
သိပ်တိုက်ချင်နေခဲ့ခြင်းမှာ
ဒီမြင်းဟာ ခွမချက်စ်တတ်တော့
ဤအရာ လက္ခဏာကား အကောင်းမဟုတ်သလို
ပြည်မြန်မာ ပျက်တာအလား အလောင်းပုတ်လို
ပေရှည်ဆိုးဝါးမှုများ တစစီ ထပ်သီပွားတတ်ပေါ့
ရေရှည်ကြိုးစား ကုစားရပြီ ဘဝညီထားကြတော့
ဒီဟာကြီးကတော့ တိုင်ပတ်နေပြီ
သင်သည်ဘာကောင်လဲ
အားနောက်ဆုတ်ပြန်ပြီး အိုပဲအိုအို
မတရားစောက်သုတ်သန်ပြီး ပျိုပဲပျိုပျို
တိုင်းပြည်ကသင့်ကိုလိုနေသလို
ဘူညစ် ညစ်သလိုတော့ မလုပ်ကြနဲ့ကွာ
လူစစ်စစ်လိုပေါ့ အလုပ်စလှည့်ပါ
ကိုယ့်အလှည့်မှာကိုယ်အခရာ
ဒါကြီးကိုအပြီးသတ်ရမှာကိုယ်ပါပဲ
လာရဲသူရောက်မြဲ

၂၀၂၃

Comments