ဖိုးရွှေညီမှိုင်း - ၂၃


၂၃
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) မေ ၁၊ ၂၀၂၃

တံတားအောက်မှာ
ရေတွေကတော့ စီးနေတာပဲ
တံတားပေါ်မှာ
လူတွေကတော့ သွားနေတာပဲ
ဝေဝါးရှုပ်ထွေးမှုတွေလည်းရှိ 
တိကျရှင်းလင်းမှုတွေလည်းရှိ
ကွဲပြားခြားနားမှုတွေလည်းရှိ
ညီညွတ်ပေါင်းစည်းမှုတွေလည်းရှိ
သေဆုံးသွားတဲ့ မျက်လုံးတွေလည်းရှိ
ရှင်သန်နေတဲ့ မျက်လုံးတွေလည်းရှိ 
ဆွံ့အနေတဲ့ လျှာတွေလည်းရှိ
တက်ကြွနေတဲ့ လျှာတွေလည်းရှိ
စိုးရိမ်နေတဲ့ သောကတွေလည်းရှိ
ရဲရင့်နေတဲ့ သတ္တိတွေလည်းရှိ
ခိုကိုးရာမဲ့နေတဲ့ ခန္ဓာတွေလည်းရှိ
တောက်ပနေတဲ့ မျှော်လင့်ချက်တွေလည်းရှိ
၂၃ ဟာ ၂၃
တံတားအောက်မှာ ... 

၂၀၂၃ ဧပြီ ၁၉

Comments