မမသီရိ - နှစ်သစ်ကူး ဟိုက္ကူကဗျာ

နှစ်သစ်ကူး ဟိုက္ကူကဗျာ
မမသီရိ
(သစ်ခက်သံလွင်) ဧပြီ ၁၈၊ ၂၀၂၃

(၁)
နှစ်သစ် လေပြေအေး
အောင်စိတ် အောင်နိမိတ်ကိုတွေး
နွေဦးတော်လှန်ရေး

(၂)
အုံ အင် အော်တဲ့ ဖား
မိုးသံ လေသံလဲ မကြား
ကျပ်ကုန်း သင်္ကြန်သွား

(၃)
ပိတောက် ရွှေဝါဖူး
အညာ အကျေ ထိမြူး
မြန်မာ နှစ်သစ်ကူး

(၄)
တပေါက် နှစ်ပေါက် မိုး
တစက်ချင်း စုရင်းနဲ့ တိုး
ဉာဏ်ပညာ ရွှေအိုး

(၅)
ပေါက် ကသစ် တို့ နီ
မြိုင်ယံတော လဲဖူးငုံစီ
တော်လှန်သွေး ရဲပြီ


(၆)
လွင့်မျော မိုးတိမ်များ
အဆုံးအစမဲ့ ရွေ့လျား
သူတို့ ဝိညာဥ်လား

(၇)
မြင့်ပေါ့ မိုးထိတောင်
မှိုင်း ညို့ စိမ်းရင့် လွင့်လို့မှောင်
မှိုခူး သွားရအောင်

(၈)
ပျဥ်းမပင် ငုတ်တို
ခရမ်းရောင် ပန်း ပွင့်ဆဲကို
ပြည်ချစ် စစ်သားပျို


(၉)
ရွာဝင်လမ်းမမှာ
အမေအို ထွက်မျှော်နေရှာ
ရွှေကျီး မသာပါ

(၁၀)
ပြာမှုန်လွှမ်း လွင်ပြင်
ကလေးငယ်တို့ မပျော်ရွှင်
ချိုးငှက် ကူစေချင်

၁၇ ဧပြီ ၂၀၂၃

Comments