နေမင်းသ - အရေးတော်ပုံ

အရေးတော်ပုံ
နေမင်းသ
(သစ်ခက်သံလွင်) မတ် ၂၆၊ ၂၀၂၃

ဟင်းလင်းပြင်ထဲက ကင်းဘတ်စ်သားအဖြူ
တဦးချင်းဆန္ဒအရပဲလေ
ငါတို့ဆေးချက်
တစစီ စိတ်မွှာလှပ
တချို့နေရာ ထုတ်ချင်းခတ်လွတ်ထွက်
ဒီမိုကရေစီနည်းကျသောဆိုတာမျိုး မဟုတ်ဘူး
နိုင်ငံရေးသဘောတရားတွေဘာတွေ မပါဘူး
ငါတို့ အနုပညာ အာဏာ
ငါတို့ အနုပညာ လုပ်ပိုင်ခွင့်
ငါတို့ ဖြန့်ကြက်မှုအလှ 
ငါတို့ရေးချင်ရာ ရောထွေးယှက်တင်လိုက်တာပဲ 
လျှို့ဝှက်လှည့်စားလိုတဲ့ ဆန္ဒမရှိ 
ဆေးရောင်စုံကုဗမျဥ်းများ 
သဘောမကျရင် ရှေ့ဆက်သွားပါ
ကြိုက်ရင်လဲ ရှေ့ဆက်သွားပါ
ထိုပန်းချီကား ရောင်းရန်မဟုတ် ။     ။

၃၀ ဇွန် ၂၀၂၂

Comments