ဖိုးရွှေညီမှိုင်း - အချိန်ရဲ့အသံ

အချိန်ရဲ့အသံ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၅၊ ၂၀၂၃

ဝံပုလွေမျက်လုံးလို
ငြိမ်းခါနီး မီးတိုင်အိုရဲ့ 
တုန်ခါအလင်း မှုန်မှုန်အောက်
ယိမ်းထိုးကျိုးပြတ် 
သစ်ရိပ်များ
အမဲလိုက်ခံကြယ်တွေ
တိမ်ခြုံတွေကြားပုန်းကြ
တခြမ်းမှောင်ချ လရောင်ထဲ
သွေးနက်နက်ည
မုဆိုးများ
မှောင်ချိန်မတိုင်ခင် လင်းခဲ့ပြီး
လင်းချိန်မတိုင်ခင် မှောင်ဆဲည
လိုက်ဖမ်းတာ မဟုတ်ဘဲ
ရင်ကိုတည့်တည့် 
ဝင်တိုးတဲ့ကဗျာ။

၂၀၂၂ ဒီဇင်ဘာ ၃၁ ည

Comments