မောင်နွေထက် - သမီးလေးရေ

သမီးလေးရေ
မောင်နွေထက်
(သစ်ခက်သံလွင်) အောက်တိုဘာ ၉၊ ၂၀၂၂

သမီးလေးရဲ့ပါးပြင်ပေါ်မှာ
နှင်းဆီနေတစင်း ပွင့်လို့
လမင်းစိမ်းနုကလေး သာလို့
သမီးလေးရဲ့ ဆံနွယ်ပေါ်မှာ
ပန်းပေါင်းအသချေ င်္ပွင့်ပြီးရင်းပွင့်
အနာဂတ်တံခါးကို ဖွင့်နေပြီ
လာပြီ
အလင်းရောင်စုံပြေး
မနကိခင်းထက်ကိုအေးတဲ့
သမီးလေးရဲ့မျက်နှာ
ဒါ
မဟာမျိုးဆက်သစ်
အချစ်ပင်ပျိုး
ချိုးဖျက် နင်းချေဖို့ မကြံကြလေနဲ့
သမီးလေးရေ
အမေ့မေတ္တာ
အဖေ့သစ္စာ တန်ခိုးနဲ့
အမှောင်ဆိုးတွေကို ဖယ်
သမီးလေးရယ်
ကမ္ဘာသစ်ကြီးကို နှိုးလိုက်ဟယ်
မြေးကလေးတွေဖြစ်တဲ့
တာရာလင်းသျှန်
သော်တာလမးင်းမေတို့လို 
မျိုးဆက်ပွင့်သစ်တွေအတွက်

အောက်တိုဘာ ၈၊ ၂၀၂၂ -စနေနေ့
-

Comments