ဖိုးရွှေညီမှိုင်း - ဖီဆန်ကြသူများ

ဖီဆန်ကြသူများ
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၉၊ ၂၀၂၂

လက်နှစ်ဖက်က
အမှန်တရားကို ကိုင်ဆုပ်
ခြေနှစ်ဖက်က
ဓမ္မဘက်မှာ မတ်မတ်ရပ်
ရင်ဘတ်က
ယုံကြည်ခြင်းကို ထွေးပိုက်
ပခုံးက
သစ္စာတရားကို ထမ်းပိုး
ဦးခေါင်းမှာ
ဉာဏ်ပညာက လင်းတောက်
ညကြီးမင်းကြီးဟာ
"မကြာတော့ပါဘူး ... 
မကြာတော့ပါဘူး"
ဒီဂါထာကို တဖွဖွ
စိတ်က ရွတ်ရင်း
အင်း ... ငါတို့ ...
တောင့်ခံနေကြပါတယ်။
...


Comments