ရဲထက်အောင် - “ငြိမ်းချမ်းရေးတိုက်ပွဲ”

“ငြိမ်းချမ်းရေးတိုက်ပွဲ” 
ရဲထက်အောင် 
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၃၊ ၂၀၂၂

မတရားမှုတွေက မြို့ထဲလမ်းမတွေပေါ် ရောက်တော့
အမှန်တရားက တောထဲ‌ပျောက်သွားတယ်။ 

ရှေ့ကို ခြေတလှမ်းတက်ဖို့
နောက်ကို နှစ်လှမ်းဆုတ်ပြီး အားယူသလိုမျိုး။ 

ချိုးပဲ့နေတဲ့ လောကဓံကို ထမ်းပိုးလို့
ကိုလံဘတ်လို နယ်မြေအသစ် ရှာခဲ့တယ်။ 

လူအခွင့်အရေးဆိုတာ
လူတွေရှာမှရမဲ့အရာ မဟုတ်လား။ ။ 

* ဝန်ခံချက်- ကဗျာခေါင်းစဉ်ကို ဆရာကိုနေဝင်း၏သီချင်းတပုဒ်အမည် ယူသုံးထားပါသည်။

Comments