စက်တင်ဘာ မာန်
မိုးမြင့်ယံ
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၂၊ ၂၀၂၂
စက်တင်ဘာရဲ့ အနောက်ထောင့်က
မိုးရိပ်တွေက အုံ့မှိုင်းညှို့သိုင်း
လောင်မီးကျ ရပ်ဝန်းထဲက ဘဝတွေ
အလွမ်းလွန်အချမ်းတွေနဲ့ ရွဲရွဲစိုတုန်ခိုက်
အသက်ဓာတ်တွေကို ပွေ့ပိုက်ထားရတဲ့
နေ့နေ့ညည ခက်ခဲမှုတွေကြား
ခွေးအူသံတွေက ညနက်နက်ထဲ ရှည်လျားလွန်းလှ
ပိန်းပိတ်မှောင် ပစ္စုုပ္ပန်နေ့ရက်တွေထဲ
ကြယ်တွေရဲ့အလင်းအားနဲ့ ခရီးသွားနေရတဲ့အဖြစ်
ဘာပဲဖြစ်ဖြစ် အသက်ကိုအသက်ချင်းတိုက်ယူတဲ့ပွဲ
မြင့်မြတ်ခြင်းလို့ အမည်ပေးလိုက်မယ်
လောင်ကျွမ်းရမယ်ဆိုလည်း ခမ်းခမ်းနားနားပေါ့ကွယ် ........ ။
10. Sep . 2022

Comments
Post a Comment