နရီ(မြိတ်) - 8888 * ၂၀၂၀ ရှစ်လေးလုံး ၃၂ နှစ် *

Image- Crd
8888
* ၂၀၂၀ ရှစ်လေးလုံး ၃၂ နှစ် *
နရီ(မြိတ်)
(သစ်ခက်သံလွင်) ဩဂုတ် ၈၊ ၂၀၂၂

ဒီကိစ္စလမ်းကြုံပြောလို့မရ
ဒီကိစ္စမှာရက်စက်မှုအပေါင်းသရဖူဆောင်းခဲ့
ဒီလိုကိစ္စမျိုးကိုလွယ်လွယ်ပေါ့ပေါ့နဲ့ဖြစ်ခဲ့တာလို့လူလေးမင်းထင်နေသလား
ဒါဟာကြီးကျယ်မြင့်မြတ်သောအရေးတော်ပုံကြီးဖြစ်လေတယ်

ဘယ်ကစပြောရမလဲ
အောက်နှုတ်ခမ်းကိုသာပြတ်လုလုကိုက်ထားမိ‌ေအာက်နုတ်ခမ်းသားကနေစီးဆင်းတဲ့သွေးတွေခုတိုင်ပူနွေးဆဲ
မေ့လို့မရတဲ့ကိစ္စမို့ပျောက်လို့မရဘူးဟာ
ဖျောက်လို့မရဘူးကွာ

ဒီကိစ္စဟာ............
တိရစ္ဆာန်ကောင်တွေကနိုင်ငံတော်ကိုမုဒိမ်းကျင့်ခဲ့ကြတာ

ပြည်သူသန်းငါးဆယ်ဟာ....
မြေခွေးတို့ရဲ့အာဏာစက်အောက်မှာငြိမ်ဝပ်ပိပြားခဲ့ကြရတာ

ဒီကိစ္စဟာ..............
တိုင်းတပါးသားကယုတ်မာခဲ့တာမဟုတ်
လူမျိုးမခြားတဲ့လူ‌ေတွကကိုယ့်ပြည်သားတွေကိုမီးလောင်တိုက်သွင်းခဲ့ကြတာ

အာဏာရှင်တွေရဲ့သေနတ်ကျည်ဆံတွေဟာ
ပြည်သူ့ရင်ဘတ်ကိုမဖောက်နိုင်ခဲ့တာအသေအချာ
နာကျင်မှုများကပန်းများပွင့်စေခဲ့ပြီ
ကြက်ဥတွေနဲ့ကျောက်တောင်ကိုဖြိုနိုင်ခဲ့ပြီ
သူငယ်ချင်းကိုဖုန်းမော်ရေခင်ဗျားအသက်နဲ့ပန္နက်ရိုက်ခဲ့ပေါ့
အကိုဆလိုင်းတင်မောင်ဦးရေကျေးဇူးကိုမမေ့ပါဘူး
ညီမလေးဝင်းမော်ဦးရေအမျှဝေလို့မရသေးလို့အားနာမိရဲ့
စစ်ကြောရေးစခန်းကခဏလို့ခေါ်သွားပြီးကတည်းကပြန်မလာတော့တဲ့သူငယ်ချင်းတွေရေ.....
တောင်ပိုင်းနဲ့မြောက်ပိုင်း ABSDF ကကျဆုံးသွားကြတဲ့သူငယ်ချင်းရဲ‌‌ေဘာ်တွေရေ..........
မေ့လို့မရတာကိုမမေ့ပါရစေနဲ့..........
တိုက်ပွဲဟာမပြီးဆုံးသေးပန်းတိုင်ဟာမရောက်ရှိသေး

ဒီကိစ္စဟာ.......
ရုပ်ရှင်ရိုက်ပြရုံနဲ့ပြီးပြည့်စုံသွားမှာမဟုတ်ဖူး
ခေတ်အဆက်ဆက်လက်မဲကြီးတွေကတွင်းအောင်းသတ္တဝါ
နတ်ဆိုးဆိုတာမျိုးကပွားမြန်တယ်

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တော့
ကျနော်တို့ကရန်ကုန်တက္ကသိုလ်မှာကျောင်းသားကြီးတွေ..........
ကျောင်းသားသမဂ္ဂတွေခုလိုပေါ်ပေါ်တင်တင်မဟုတ်
ဘာသမဂ္ဂညာသမဂ္ဂတွေသိုသိုသိပ်သိပ်
ဘယ်အချိန်လာခေါ်လေမလဲစိုးတထိတ်ထိတ်နဲ့
နည်းဗျူဟာမျိုးစုံနဲ့ကောက်ကျစ်မှုအပေါင်းသရဖူဆောင်းခဲ့ကြ

ခေတ်အဆက်ဆက်
ကဗျာဆရာတွေဟာသူပုန်တွေပဲ့
ကလောင်ဓားနဲ့နှလုံးသားကျည်နဲ့စကားလုံးတွေဟာကစ်ဖြုတ်ထားတဲ့မြေမြုပ်မိုင်းတွေပဲ့........
ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးဟာ(၃၂ )နှစ်ပြည့်ခဲ့ပြီ
မမေ့ကြနဲ့.....ဧရာဝတီ.ချင်းတွင်း သံလွင်မြစ်ရေဟာသွေးချင်းချင်းနီခဲ့တဲ့နေ့
အာဏာရှင်ကိုအမြစ်ကနေလှန်ပစ်လိုက်တဲ့နေ့
အာဏာရှင်လက်ကျန်တွေကိုဖော်ထုတ်ရှင်းလင်းသုတ်သင်ကြ
အာဏာရှင်ဘောမတွေကိုရွေးနုတ်သုတ်သင်ကြ
ဒီမိုကရေစီအာဏာရှင်စနစ်ကိုဖြုတ်ချကြ

ကျနော်တို့ရဲ့ပန်းတိုင်ဟာ.....
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ဖြစ်လေတယ်
ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်ဖို့
သန်းငါးဆယ်ကျော်သောပြည်သူတွေအားလုံးမှာတာဝန်ကိုယ်စီရှိကြတယ်
ဒီကနေ့ကို...............
မမေ့နဲ့......မမေ့လိုက်ကြပါနဲ့။။            ။

နရီ(မြိတ်)
၈.၈.၂၀၂၀



Comments