ဇမ်သစ်အောင်
(သစ်ခက်သံလွင်) ဇွန် ၂၃၊ ၂၀၂၂
ရင်ဘတ်တည့်တည့် ချိန်ပစ်ဖို့
အမုန်းကျည်ထည့်ပြီး
ဒေါသကို မောင်းတင်တတ်ရတယ်
အငြိုးတွေကို
သိုသိုဝှက်ဝှက် မြေမြုပ်ဗုံးလို
မြုပ်တတ်ရတယ်
ချွတ်ခနဲကြားတာနဲ့
ဖျတ်ခနဲမြင်တာနဲ့
အမိန့်သံဆုံးတာနဲ့
လူပဲဖြစ်ဖြစ်
မြစ်ပဲခြားခြား
ကျားထိုးအော်ဟစ် ပစ်ရဲရတယ်
အချစ်နဲ့စစ်မှာ
မတရားတာ မရှိဘူးတဲ့လား
ထွီး
ဘယ်သူ နှုတ်ကမြင်းခဲ့တာလဲ
ကြည့်လိုက်
အကျိုးအမြတ်ဟာ
အကျိုးအပြတ်တွေနဲ့
ထိုးထွက်နေတဲ့ တစပြင်
ကိုထူးပြောခဲ့သလို
စစ်ဟာ
ဖြစ်သမျှအကြောင်း
အလောင်းချည်းပဲ
နောက်ပြီး
ကောင်းကွက်ရှာလည်း
ခေါင်းပြတ်တာပဲတွေ့လိမ့်မယ်
တစိမ့်စိမ့်တွေးတိုင်း
တဆစ်ဆစ်နာကျင်လာလို့
ဒီကဗျာကို ရင်နာနာနဲ့ ငါရေးတယ်
သွေးသံရဲရဲကြားကနေ
အကွဲအပြဲကြားကနေ
လွတ်မြောက်ပါစေ နိုင်ငံတော်။ ။
Comments
Post a Comment