နေလင်း- မြည်သံစွဲရူပကအလင်္ကာ

မြည်သံစွဲရူပကအလင်္ကာ
နေလင်း
(သစ်ခက်သံလွင်) ဇွန် ၁၂၊ ၂၀၂၂

ရေတွင်းအုပ်ခုံဘေးမှာလား
တိုက်နံရံအကွယ်မှာလား
ခြံစည်းရိုးအခြေက ခြတောင်ပို့နောက်မှာလား
တောတောင် ရိုးပြတ် သစ်ငုတ်ဘန်ကာမှာလား
ဘယ်နေရာမှာဖြစ်ဖြစ် တော်လှန်ရေးသာစစ်ပါစေ
မတရားမှုကိုအံတုဖို့သွေးရဲနေသမျှ
တော်လှန်စစ်က ကစစ်စစ်မြည်တယ်။ ။ ။

Comments