သစ်ငြိမ်း - တောပြဇာတ်ထဲက လူမိုက်ကြီး

တောပြဇာတ်ထဲက လူမိုက်ကြီး
သစ်ငြိမ်း
(သစ်ခက်သံလွင်) ဇွန် ၁၀၊ ၂၀၂၂

  ဘယ်ကောင့်မှ ဂရုစိုက်ဘူးကွ ။
     မိုက် ရင် ထွက် ခဲ့
     မင်းတို့မိန်းမ တွေ 
     မုဆိုးမ ဖြစ်သွားမယ် ။ .....
.... တဲ့ ။
     ငါ့ ဘာ ထင် နေ လဲ 
သာဒင်ကွ သာဒင် ။
    ဘယ်ခွေး မှ လူ မထင်ဘူး ။
ထွက်ခဲ့ကြလေ ကွာ ....
   မိုက်တယ် ဆိုတဲ့ ကောင် တွေ
သာဒင့် အကြောင်း
  ကောင်းကောင်း သိ သွား စေ ရ မယ် ။ ......
                                ....တဲ့ ။
     ပုဆိုး စလွယ်သိုင်း နဲ့
      ဇာတ်ခုံပေါ် မှာ
     ဟိုဘက်ထိပ် လျှောက်လိုက်
      ဒီဘက် ထိပ် ပြန် လျှောက်လိုက်
      ခေါက်တုန့် ခေါက်ပြန်
      ဒယိမ်းဒယိုင် နဲ့ အမူးသမား  
                     အိုက်တင်
      နောက်ခံဆက်တင် က
             ရွာလယ်လမ်းမ ။
      လိုက်တင် က နိူက်ဆင်း ။
        အော်ရင်း ဟစ်ရင်း
        စိန်ခေါ် ရင်း နဲ့ 
        တ ဖြည်း ဖြည်း
 စလွယ်သိုင်းထားတဲ့ ပုဆိုးလေးခြုံလို့
   ဇာတ်ခုံပေါ် မှာ ခွေခွေလေး လှဲ
  သာဒင် မူးပြီး 
  မောရင်း အိပ်ပျော်သွားခဲ့တယ် ။

  အဲ့ဒီအချိန် မှာ ပဲ
  သာဒင် အိပ်ပျော်နေတာ
  စပေါ့လိုက် ထိုး ပြ
  ကန့်လန့်ကာကြီး လဲ ကျ လာ ပေါ့ ။
  ငယ်ငယ်တုန်း က ကြည့်ခဲ့ရတာပါ ။
       
Jun, 9 :2022
12:25 AM
#POS ရဲ့ပုံကိုယူသုံးထားပါတယ်။

Comments