နွေအိမ်သစ် (ဒဿနိက) - ပြောက်ကျားရဲဘော်လေးသို့

ပြောက်ကျားရဲဘော်လေးသို့
နွေအိမ်သစ် (ဒဿနိက)
(သစ်ခက်သံလွင်) မေ ၂၂၊ ၂၀၂၂

မိုးချုပ်တဲ့အခါ
အမေ့အိမ်မပြန်နိုင်ရှာသေးတဲ့
ပြောက်ကျားရဲဘော်လေးတယောက်။
                                                          
နို့နံ့မစင်သေး
အသက်ပင်ပြည့်သေးရဲ့လား
ကလေးအရွယ် ဆယ်ကျော်သက်လေး ။

အရှေ့ရိုးမက
ရောင်နီဖြာကျတဲ့နံက်ခင်းချိန်ခါ
မင်းအတွက်သီချင်းတပုဒ်ပမာ
ဒေါင်းဖန်ဝါ သာလိမ့်ဦးမှာ ။ ။

၅/၁/၂၂

Comments