နီနီမာ - စစ်မတိုက်ချင်ပါနဲ့ကလေးရယ်

Crd- gigazine.net
စစ်မတိုက်ချင်ပါနဲ့ကလေးရယ်
နီနီမာ
(သစ်ခက်သံလွင်) ဧပြီ ၁၉၊ ၂၀၂၂

ပူတူး လေးရယ်နားထောင်ကွယ် 
တီတီပြောပြမယ်
စစ်တိုက်တမ်းတွေမဆော့ချင်နဲ့
သေနတ်ကြီးပေးပါကွယ့်။

သေနတ်ထဲကကျည်ဆန်ဟာ
လူ့အသက်ကိုသေစေတာ
စစ်တိုက်ပြီဆိုမှတော့
ခြေတွေ လက်တွေပြတ်တာပေါ့။

စစ်တိုက်ပြီဆိုမှတော့
မျက်ရည်တွေ သွေးတွေထွက်ပြီပေါ့။

စစ်ကိုကြိုက်ပြီဆိုမှတော့
လူစိတ်ပျောက်ကာရိုင်းပြီပေါ့
ရိုင်းပြီပေါ့။

စစ်တိုက်တာတွေရပ်ပါတော့
ရပ်ပါတော့။

18.4.2019

Comments