စိုးရိမ် - နေ့ရက်များ

FAVPNG.com
နေ့ရက်များ
စိုးရိမ်
(သစ်ခက်သံလွင်) မတ် ၃၀၊ ၂၀၂၂

ဉာဏ်ပညာမွဲခဲ့တော့
အဖြစ်တွေက
အပျက်ဆီရွေ့လျားကုန်ကြပြီမဟုတ်လား

ကောင်းကင်ကို
ရေအိုင်ထဲကကြည့်ခဲ့တဲ့ခေတ်မဟုတ်တော့ဘူးလေ

ငါတို့ရဲ့ဦးခေါင်းတွေ
အပေါ်ကိုမော့ခွင့်ရှိတယ်မဟုတ်လား

ဘိုးတံကိုစိတ်နာနေတဲ့တယောက
ကြိုးတွေကိုဖြုတ်ပစ်ခွင့်ရှိတယ်မဟုတ်လား

ဂီတဟာ သေဆုံးသွားခဲ့ပြီ။ ။

Comments