လွန်း - "လမ်းဟောင်းလေးပေါ် လျှောက်လှမ်းခြင်း"

Design by Emience Bliss

"လမ်းဟောင်းလေးပေါ် လျှောက်လှမ်းခြင်း"
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၂၇၊ ၂၀၂၂

နေရောင်မှာထုတ်ထုတ်လှမ်းပြီး
ကိုယ့်အချစ်ကိုယ် ပြန်ပြန်သရမှာပဲ
မြစ်တမြစ်ကို နှစ်ခါမကူးနိုင်သလို
မိတ္တုပွားသမျှ ဆေးသားမပီတော့
ငယ်ရွယ်သူ့ကောင်းကင်ဟာ မှိုစွဲနေတဲ့ကင်းဗတ်စ
နှစ်ကြောင်းဆွဲပါ
ထပ်ထပ် ဆွဲပါ
ထူထူသားမှ ထင်းထင်းပေါ်တဲ့ စည်း။
ချစ်သူရေ
ငါတို့မုန်တိုင်းထဲဖြတ်ကြစဉ်
လျပ်စီးတလက်မှာ
လမ်းကိုအမိအရကျက်ခဲ့ကြတာ မလွတ်ကြေး။ ။

နံနက်- ၁၀: ၁၈
မတ် ၂၇၊ ၂၀၂၂
* ရဲဘော်မ မွေးနေ့ အမှတ်တရကဗျာ

Comments