နွေဦးနိုင်ငံ
ဘုန်းနိုင်လင်း
(သစ်ခက်သံလွင်) ဇန်န၀ါရီ ၉၊ ၂၀၂၂
တို့ခေတ်ကို ထပ်မကြံနဲ့
တို့အချစ်ကို
ဘယ်တော့မှသိမ်းလို့မရဘူး
ရာသီမရွေး
အချစ်မပွင့်သ၍
နွေဦးသစ်နေမယ့်တိုင်းပြည်
ဘယ်လမ်းကသွားသွား
ရောက်လာမှာ ချစ်ခြင်းတရားဆီ
အရောက်ချီနေတာ
နွေဦးဖယ်ဒရယ်နိုင်ငံသစ်ဆီ
9Jan22
2:23AM
Comments
Post a Comment