နေလင်း - အတူရှင်သန်ရခြင်းထဲ

POS
အတူရှင်သန်ရခြင်းထဲ
နေလင်း
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၂၊ ၂၀၂၁

အသုဘအိပ်က ဟီးဟီးဟားဟားလည်း
ရွာသားတွေပဲ တခြားမှတ်လို့

မီးလောင်အိပ်ပူ အရက်ကူသောက်တာလည်း
ရွာသားတွေပဲ အခြားမှတ်လို့

သူခိုးဓားပြ ပြည်ပကလာမတဲ့လား 
ရွာသားတွေပဲ အခြားမှတ်လို့

ဆေးဖိုးခါးပိုက်နှိုက် အသိုက်တခုကိုရိုက်ချရက်သူလား
ရွာသားတွေပဲ အခြားမှတ်လို့

အခုအိမ်ပူနေ
ကျေးလက်မြို့နဲ့နိုင်ငံတော်ပါသောကပင်လယ်ဝေကြ
အသက်နဲ့သွေးနဲ့ရင်းပြီးမွေးထား
အဇာတသတ်လို သားမျိုးတွေလည်း
ရွာသားမှရွာသားစစ်စစ် လူသားစစ်စစ်ကနေဖြစ်တဲ့လောက်တွေ ။ ။ 



Comments