မိုးခါး - *ဒီဇင်ဘာ*

*ဒီဇင်ဘာ*
 မိုးခါး
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၄၊ ၂၀၂၁

ဝေါဟာရကြွယ်တဲ့နှင်းက
အရိုးထိအောင်ကျူးကျော်ပြီ
မအောင်မြင်သူတေးအဖြစ်
ဆွယ်တာအင်္ကျီနွမ်းကလေးရဲ့ဘဝကိုစာနာမိကောင်းရဲ့.....
တသံသရာလုံး ခြုံထားတဲ့ဆောင်း
ဒီဘဝရဲ့အဟောင်းဖြစ်သွားမဲ့အသစ်ကိုကြိုဆိုဖို့
နက္ခတ်မှားပြီးရောက်လာတဲ့ချစ်ခြင်းမေတ္တာတရားကလည်း
မပေါက်ကွဲသေးတဲ့ဗုံးတလုံးလိုအေးစက်လို့......။        ။
1.12.2017

Comments