​နေ ထ က် နိုင် - ငါ တွေ့ လိုက်တဲ့ ဆောင်း

ငါ တွေ့ လိုက်တဲ့ ဆောင်း
 ​နေ ထ က် နိုင်
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၁၊ ၂၀၂၁

ဆောင်းဟာ
နှင်းဇာပါးပါးဝတ်လို့
ရန်ကုန်မြို့ရဲ့
ဆင်ခြေဖုန်း
ရပ်ကွက်တွေထဲ
ညညဆို
ရောက်လာခဲ့ပြီ
ခြေသံ​တွေကို
ညထဲက
ပန်းနံ့တွေနဲ့
ဖုံးကာလို့ ။
တချက် တချက်
ဘာမှန်းမသိ
ထထအူတဲ့
ခွေးတွေကြောင့်
ဆိတ်ငြိမ်ခြင်းဟာ
ထိတ်လန့် လို့ ။
အမှောင်ထဲ
တိုးဝင်သွားတဲ့
စိမ်းပြာပြာ လရောင်တွေကို
မြို့စောင့်နတ်တွေက
လိုက်ကောက်လို့
ဆောင်းဧည့်သည်ကို
ငါဘယ်လို မျက်နှာပြရမလဲ ။

ဒီဇင်ဘာ ၂၁ ၂၀၁၇

Comments