စိုးရိမ်- ရှေ့ကြည့်နောက်ကြည့်


" ရှေ့ကြည့်နောက်ကြည့်"
စိုးရိမ်
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၊ ၂၀၂၁

ခေတ်က နောက်ကျောမလုံတော့ဘူး
ဗလနဲ့ ဇနဲ့ကောင်လည်း
ထောင်ထောင် ထောင်ထောင်မလုပ်တော့ဘူး
အခုလက်ဖဝါးမြင်နေရပေမယ့်
အခုပဲလက်ဖမိုးဖြစ်သွားနိုင်တယ်
အချိန်မရွေးလောက်ကိုက်သွားနိုင်တယ်

ပန်းနဲ့ပေါက်နေတာမဟုတ်တော့
တစ်ယောက်နဲ့တစ်ယောက် သံသယနဲ့ကြည့်ကြ
အပြုံးထဲမှာအဆိပ်ပါလား စစ်ကြဆေးကြနဲ့
သိတယ်မဟုတ်လား
အသက်ကလိုက်ပွဲမှာလို့မှမရတာ

မိတ်ဆွေတို့ရေ...
အမြင့်ကိုရောက်ချင်ရင်
အဆင်းကိုနင်းမလျှောက်မိစေနဲ့...။ ။ 

Comments