သစ်ခက်သံလွင်ကဗျာ - နိုင်ထက်အေး "ဖျားနာနေတဲ့ ကောင်းကင်"


သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၁၀၊ ၂၀၂၁

"ဖျားနာနေတဲ့ ကောင်းကင်"
နိုင်ထက်အေး

အခု
ချိုးငှက်ကလေး
ကျန်မားရေး မကောင်းဘူး။
အအေးမိသလား
အပူလွန်ကဲသလား
ဘယ်လိုမှ ခွဲဲခြားလို့ မရ။
ယမ်းနံ့ မွှန်သလား
မီးခိုးမှိုင်းမိသလား
ဘယ်လိုမှ ကုစားလို့မရ။
အန်တိုနီရို ဂူတာရက်စ် လည်း
ကူညီ​ဖေးမနိုင်မှာ မဟုတ်။
ဘကြီးမှိုင်းလည်း
မရှိတော့တာကြာပြီပဲ။

ဟာလီမာရာကော့ပ်လည်း
အရှေ့တိုင်းသားချင်းပေမယ့် မေ့နေလောက်ရဲ့။

ဘကြီးအောင်လည်း
ခုထက်ထိ .....
မုသားသစ္စာသီချင်းဆိုနေတုန်း ။
     
ငါ ရယ်
မောင်ချစ်ရယ်
ချိုးငှက်ကလေးဘေးမှာ
သံလွင်ခက်လေးကိုင်ရင်းနဲ့။     ။
                                
(အောက်တိုဘာ ၅ ၊၂၀၂၁)

Comments