အောက်တိုဘာ ၁၄၊ ၂၀၂၁
'' နောက်ပြန်မလှည့်တဲ့မြစ် ''
ကေအိုဇေ
လူမိုက်နှင်းတိုးစိတ်နဲ့ စီးဆင်းခဲ့တာမဟုတ်ဘူး
အနာဂတ်တွေ ရင်းထားတယ်
အိပ်မက်တွေ စွန့်ထားတယ်
တောင်တွေကိုဖြတ်မယ်
ကုန်းတွေကို တိုက်စားမယ်
အတားအဆီးတွေ ဘယ်လောက်များများ
လားရာကို မသွေဖယ်ဘူး
ပင်လယ်ဆီရောက်အောင်သွားမဲ့ မြစ်မို့
ယုံကြည်ချက်ကို မြနေအောင်ချွန်ထားတယ်
တနေ့ ပင်လယ်မှာ အောင်လံစိုက်ရမယ် ။
Comments
Post a Comment