သစ်ခက်သံလွင်ကဗျာ - ဖိုးရွှေညီမှိုင်း '' ဟိုး ဝေးဝေးမှာ ''


'' ဟိုး ဝေးဝေးမှာ ''
ဖိုးရွှေညီမှိုင်း
အောက်တိုဘာ ၂၁၊ ၂၀၂၁ 

လ သာနေပြီလား
သာပါစေ။

ပျော်နေကြပြီလား
ပျော်ကြပါစေ။

မေ့သွားကြပြီလား
မေ့​ကြပါစေ။

လ မသာနိုင်
မပျော်နိုင်
မမေ့နိုင်သူသာ
သူ့အကြောင်းနဲ့သူ။


၂၀၂၁ အောက်တိုဘာ ၂၀
(သီတင်းကျွတ် လပြည့်နေ့)

Comments