သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၂၈၊ ၂၀၂၁
"မှန် ပေါ် မှာ ချိပ်ဆွဲ ထား တဲ့ မစ္ဆိရိယ နံရံ "
အရေးတော်ပုံ B T.
ငါးတွေဟာ
အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း
အင်မတန် မှ အပြစ်ကင်းစင် ကြောင်း
ထောက်ခံ ပြောဆိုအပြီး မှာ
ငါးခဲပတ် လိုဂို တွေ တပ်ထားတဲ့
အလျှံညီးညီး နီရဲပူလောင်နေ သော
မီးကျည်းခဲများအား
လု့ -လူ - လူး တွေ
အငမ်းမရ ဝါးမြို စား သောက်နေကြပုံ ။
ဘလောက်တုံး တွေ ကပ်ထားသော
မြစ်ကူး တံတားတွေ ပေါ် မှာတော့
စိတ်ကျဉ်းကြပ် စွာ
နိစ္စဒူဝ နေ့စဉ် ဖြတ်သန်းနေတဲ့
ယာဉ်-ရထား - ကား
ယန္တရား များ ရဲ့
စပ်ဆုပ် ရွံ့ရှာ သော
"တောက် " ခေါက်သံ ။
တခုခု ဆို တာနဲ့
အသံ ဟာ သံဆူးကြိုးတွေ ဖြစ်လာပြီး
နံရံ ကို
မှန် တွေ ပေါ် မှာ
တပ်ဆင် ချိပ်ဆွဲ ထားလိုက်ကြ ။
လမ်း ပျောက်နေသူတွေကတော့
သွေးရူး သွေးတန်းနဲ့
လမ်းတွေကို
ရမ်းသန်း ခေါက်သိမ်း ရင်း
ညနေခင်း လိုကေးရှင်း များ
နံနက်ခင်း လေညှင်းတေးသွား များအား
ကောက်ကွေ့ တွန့်လိမ်နေသည့်
မစ္ဆိရိယ ဝန်တို စိတ်ထားတို့ဖြင့်
အစဖျောက် ဖျက်စီး နေ ခဲ့ကြ သည်မှာ
ကြာပြီ ။ ။
(မှန်ပေါ်မှာချိပ်ဆွဲ ထားတဲ့ မစ္ဆိရိယ နံရံ )
Comments
Post a Comment