သစ်ခက်သံလွင်ကဗျာ - ဇာနည် " ယုံကြည်ချက် ဓား "

Image- Crd
သစ်ခက်သံလွင်ကဗျာ
သြဂုတ် ၂၄၊ ၂၀၂၁

" ယုံကြည်ချက် ဓား "
ဇာနည်

ယုံကြည်ချက်ဆိုတာ
ဓားနဲ့ဓားသွေးကျောက်လိုပဲ ....
ဓားနဲ့ဓားသွေးကျောက်ဟာ ကင်းကွာလို့မရဘူး
ဓားနဲ့ဓားသွေးကျောက်ကင်းကွာသွားရင်
သံချေးတက်ပြီး တုံးသွားတတ်တယ်..
ကာလကြာမြင့်လွန်းစွာ ကင်းကွာသွားရင်တော့
သုံးစားလို့မရတဲ့အထိဖြစ်သွားတတ်တယ်..
ယုံကြည်ချက်ဟာလဲ ထို့နည်းအတူပဲ...
မိမိယုံကြည်ချက်ကိုအမြဲတစေ
ချွန်စေ ထက်စေချင်ရင် သွေးပေးနေရတယ်..
လူတချို့ဟာ
တချိန်ကတော့ တော်လှန်ရေးကိုယုံကြည်ခဲ့တယ်...
ဒါပေမဲ့..
အချိန်ကာလတွေကြာလာတာနဲ့အမျှ
တဖြည်းဖြည်းနဲ့သူရဲ့ယုံကြည်ချက်တွေဟာ မှိန်ဖျော့လာတတ်တယ်..
ပြောင်းလဲသွားတတ်တယ်..
ဒါလဲ သဘာဝဘဲ၊ လူ့သဘာဝထဲမှာအကြုံးဝင်တယ်..
ဓားတလက်ဟာ 
အဲ့ဒီ ဓားရဲ့သံအမျိုးအစားကောင်းမကောင်းပေါ်မှာမူတည်တယ်..
လူတယောက်အတွက်တော့
သူ့ရဲ့လူတန်းစားဗီဇသဘောတရားနဲ့ဆိုင်တယ်..
အဲ့ဒီလူရဲ့လူတန်းစားဗီဇဟာ 
အဖိနှိပ်ခံလူတန်းစားလား..
ရေပေါ်ဆီလားဆိုတာကိုကြည့်ရင်သိနိုင်တယ်..
အဖိနှိပ်ခံလူတန်းစားကတော့..
သူရဲ့လူတန်းစားအသိစိတ်ကသင်ကြားမှုနဲ့
တော်လှန်ရေးကိုပါဝင်လာတတ်တယ်..
သူ့ရဲ့ယုံကြည်ချက်ဟာလဲ
လူတန်းစားသဘောတရားကပေါက်ဖွားလာတယ်..
ဖိနှိပ်သူလူတန်းစားကြောင့် သူ့ဘဝနိမ့်ကျခဲ့ရတယ်၊
မလွတ်မြောက်ဘူးလို့ လူတန်းစားအခြေခံအသိရှိတယ်..
အဲ့ဒီလူတန်းအခြေခံအသိတရားဟာ
အဲ့ဒီလူရဲ့လူတန်းစားဘဝကဖြစ်ထွန်းလာတာဖြစ်တယ်..
အဲ့ဒီအသိတရားဟာခိုင်မာတယ်..မပြောင်းလဲဘူး..
ရေပေါ်ဆီလူတန်းစားတွေကတော့..
သူတို့ရဲ တော်လှန်ရေးအပေါ် ယုံကြည်ချက်ဟာ မခိုင်မာတတ်ဘူး..
အဲ့ဒါဟာ သူတို့ရဲ့လူတန်းစားအခြေခံမမှန်လို့ပဲ...
သူတို့ဟာ တော်လှန်ရေးမှာပါခဲ့ရင်လဲ ခရီသွားဟန်လွှဲ အခိုက်အတန့်ကာလတခုပဲ...
တော်လှန်ရေးအချိန်ကြာလာတဲ့အခါ..
ဒါမှအဟုတ် တော်လှန်ရေးအရေးနိမ့်မူ့တွေကြုံလာတဲ့အခါမှာတော့..
သူတို့ဟာ တော်လှန်ရေးထဲက အလျှိုအလျှို စွန့်ခွာသွားတတ်ကြတယ်...
ဘေးထွက်ထိုင်သွားကြတယ်...
တော်လှန်ရေးထဲကစွန့်ခွာသွားတဲ့အထိ နားလည်ပေးလို့ရတယ်...
ဘေးထွက်ထိုင်တဲ့အထိလဲရသေးတယ်..
ဒါပေမဲ့..တချို့ကျတော့ တော်လှန်ရေးကိုစွန်ခွာသွားတဲ့အပြင် 
တချိန်က မိမိယုံကြည်ခဲ့တဲ့တော်လှန်ရေးအပေါ်သစ္စာဖောက်သွားတတ်ကြတယ်..
သူတို့ဟာ တချိန်က မိမိတို့ယုံကြည်ခဲ့ဖူးတဲ့တော်လှန်ရေးရဲ့ဆန့်ကျင်ဘက် ဖိနှိပ်သူလူတန်းစားနဲ့
ကာယကံမြောက်ပူးပေါင်းသွားတတ်ကြတယ်..
အဲ့ဒီလို လူတန်းစားမျိုးကိုဖောက်ပြန်ရေးသမားလို့ခေါ်တယ်..
တချို့ကြတော့..ဖိနှိပ်သူတွေနဲ့ကာယကံမြောက်မပူးပေါင်းပေမဲ့...
တချိန်က မိမိတို့ယုံကြည်ခဲ့တဲ့ အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေး တော်လှန်ရေးကိုပဲ
မှားနေသယောင်ယောင်...လမ်းလွဲနေသယောင်ယောင်ပြောတတ်ကြတယ်...
တချို့က သရော်မော်ကား ပြက်ရယ်ပြုတဲ့အထိပြောလာတတ်ကြတယ်...
အဲ့ဒါကိုပဲ သူတို့ဟာ စကားလုံးတွေတန်ဆာဆင်ပြီးပြောတတ်ကြတယ်...
သူတို့ကိုယ်သူတို့ ပညာတတ်တွေလိုလို တတ်ယောင်ကားစကားလုံးတွေနဲ့ဖုံးကွယ်ပြီးပြောဆိုတတ်တယ်..
အဲ့ဒီအမျိုးစားတွေဟာ ပြန်ပြင်ရေးသမားတွေပဲ...
ဖိနှိပ်သူလူတန်းစားကို အလုပ်အကြွေးပြုသူတွေပဲ...
တချို့ကြတော့..မီးစင်ကြည့်ကတတ်ကြတယ်..
ဟိုကွေ့ဟိုတက်နဲ့လှော် ဒီကွေ့ဒီတက်နဲ့လှော် 
မိမိအကျိုးစီးပွားမထိခိုက်အောင် အမြဲတန်းကြံစီကြိုးစားနေတတ်ကြတယ်...
သူတို့ဟာ..တော်လှန်ရေးအောင်မြင်တော့မဲ့အခြေအနေမြင်ရင်
တော်လှန်ရေးထဲ ရောယောင်နေပြတတ်တယ်...
တော်လှန်ရေးအရေးနိမ့်တော့မဲ့အရေးမြင်ရင်...
တော်လှန်ရေးနဲ့အဝေးဆုံးနေရာမှာနေတယ်...
ဖိနှိပ်သူလူတန်းစားနဲ့ဘယ်လိုပူးပေါင်းရမလဲဆိုတဲ့အကွက်ပဲ အမြဲချောင်းနေတတ်တယ်..
အဲ့ဒီလို လူတန်းစားတွေကိုတော့ အချောင်သမားတွေလို့ခေါ်ပါတယ်
ဒီအမျိုးစားတွေအားလုံးဟာ အခြေခံကတော့ လူတန်းစားဗီဇမမှန်တဲ့သူတွေပဲ
ဓားတလက်မှာ သံအမျိုးအစားမကောင်းတဲ့ဓားတွေပဲ
လူတန်းစားဗီဇလဲမှန်တယ် ..သံအမျိုးစားလဲမှန်တယ်..ဆိုရင်တော့..
အဲ့ဒီသူတွေဟာ တော်လှန်ရေးကိုအသက်ထက်ဆုံးလုပ်သွားတတ်တယ်
ယုံကြည်ချက်ဟာ ဓားပဲ..
အဲ့ဒီဓားကို တော်လှန်ရေးဆိုတဲ့ ဓားသွေးကျောက်ပေါ်မှာ အမြဲတင်ထားဖို့လိုတယ်
ဓားသွေးကျောက်ကတော့ အဲ့ဒီသူရဲ့အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေးပဲ
ဖိနှိပ်သူလူတန်းစားတည်ရှိနေသမျှ မိမိတို့ရဲ့အဖိနှိပ်ခံလူတန်းစားဘဝမလွတ်မြောက်နိုင်ဘူး
အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေးတိုက်ပွဲဆိုတဲ့ကျောက်သားပေါ်မှာ
မိမိရဲ့ယုံကြည်ချက်ဓားသွားကို အမြဲတစေ ချွန်စေ မြစေအောင်သွေးပေးနေဖို့လိုတယ်
မိမိတို့ အဖိနှိပ်ခံလူတန်းစားမှာ ဖိနှိပ်မူ့နှောင်ကြိုးမှတပါး ဆုံးရူံးစရာမရှိပါဘူး...
အောင်ပွဲအဖြစ် ပိုင်ဆိုင်မှုကတော့ 
ကမ္ဘာလောကကြီးတခုလုံးဆိုတာ အမြဲနှလုံးသွင်ထားကြရမယ် ။ ။ 

ဇာနည်
(၂၂-၈-၂၀၂၁)

Comments