သစ်ခက်သံလွင်ကဗျာ- ကေအိုဇေ -သို့ / ....

သစ်ခက်သံလွင်ကဗျာ
သြဂုတ် ၁၇၊ ၂၀၂၁
-

သို့ / .....
ကေအိုဇေ

ဆိုပြီး လိပ်မူလိုက်တယ်
မစ္စတာ ဝါရှင်တန်ဆီကိုပို့ရမလား
ဥက္ကဋ္ဌကြီးမော်ဆီကိုပို့ရမလား
ခင်ဗျားတို့မျောက်တွေ ပြန်ခေါ်ကြဖို့
မဟုတ်ရင်
ကမ္ဘာကြီးလည်း ဘယ်အမြီးလိုက်ဆွဲရမှန်းမသိတော့ဘူး

ပြီးခဲ့တဲ့အတိတ်ဆီပို့ရမလား
အနာဂတ်ဆီပို့ရမလား
ပစ္စုပ္ပန်လည်း စာလုံးပေါင်းမမှန်

မီးခလုတ်ကို ပြန်မပိတ်မိဘူး
ခိုသံတွေ ပြန်ရောက်မလာမှ 
လေးသံကို နားစွင့်မိတော့တယ် ။


Comments