* ၄၄ လမ်း လှိုက်စားမှု *
ငဇ
သမိုင်းငိုအောင်
ခုန်ဆင်းတဲ့ နက်ရှိုင်းမှု ..။
နေရာချဲ့ပေးလိုက်ရတဲ့
ကောင်းကင်။
ကြယ်သွားလမ်းနီနီ
ကဗျာမဖွဲ့ရက်ပြီ ... ။ ။
11.August.2021
...
*၀ဍ်နာ ကံနာ*
ပလန်ကိုင်း
ပြန်မဆုံခင် လောကဓါတ်နဲ့
ကာမဂုဏ်ခင် ရသာစွဲ
ငါ
အာရုံတွေ မိုက်တွင်း နက်ခဲ့တယ်။
ကြယ်သေတွေနဲ့ ပညတ်ကမ္ဘာမှာ
နှင်းဆီခင်းတွေ ဝိညာဉ် စီးချင်းထိုးတဲ့ပွဲ
လူကိုလူချင်း ရိုက်ခွဲဖို့
ပင်လယ်အသေဟာ
လှေကိုပြန်လှော်
ကမ်းခြေတွေ မျက်ရည်ဝေတယ်။
ညီလေးရယ်
၀ဍ် နာ ကံ နာ အသက်နဲ့
ဒဏ်ရာ အထပ်ထပ်
အတောမသတ်သူအတွက်
တောင်စွယ်မှာ နေကွယ်တာ
ရိုးလွန်းတယ်နေသလား
မင်းတို့ဟာ ကြယ်ဆန်လွန်းတယ်။ ။
*** ** ကြယ်ငါးပွင့် အမှတ်တရ
...
* ကြယ်ကမ္ပည်းမှတ်တမ်း *
ခင်လွန်း
ဒေဝဒတ်ရဲ့ဂိုဏ်းသားတွေဟာ
မြေပြင်ပေါ်က လေထီးကိုရပြီး
ငါတို့က
အောင်ပွဲရဲ့သူရဲကောင်းတွေကိုအထက်ဘဝဂ်မှာ ရခဲ့
မိုးကောင်းကင်ရော
မဟာကမ္ဘာမြေကြီးပါ တုန်ဟည်းကျန်ရစ်ခဲ့ပါတယ်။ ။
နံနက် ၀၉း ၁၀
သြဂုတ် ၁၁၊ ၂၀၂၁
Comments
Post a Comment