သစ်ခက်သံလွင်ကဗျာ၊ ငဇ - - ကပ်ရထား

သစ်ခက်သံလွင်ကဗျာ
ဇူလိုင် ၂၈၊ ၂၀၂၁

ကပ်ရထား
ငဇ

သမားရိုးကျ အနိစ္စမဟုတ်ဘူး
အကွက်ရိုက်ထားတဲ့ ဂူသင်္ချိုင်းတွေဆီ 
ဒုန်းစိုင်းနေရတာ
လေထဲမှာ လေအပြင် နောက်ထပ်
လူထဲမှာ လူအပြင် ပိုးမွှား
အသက်ကို သံသယနဲ့ ရှူသွင်း
နောက်တကြိမ် ထပ်ရှူဖို့
ခင်ဗျား ကျွန်တော် မသေချာဘူး
တယောက်ဆင်းတယောက်တက်
ဘဝသံသရာသီချင်း 
ခေတ်ကို စားပါတော့
အများကြီး ဆင်း အများကြီး တက်
ဘူတာက တွန်းတင် ဘူတာက ဆွဲချ
ငါတို့ သေပေးနေရတာ
သမားရိုးကျ အနိစ္စမဟုတ်ဘူး။

၁၉ • ဇူလိုင် • ၂၀၂၁

Comments