လွန်း - နွေဦး

နွေဦး
လွန်း
(သစ်ခက်သံလွင်) ဧပြီ ၁၃၊ ၂၀၂၁

အဖူးက အသည်းထဲမှာ
အငုံက နှလုံးအိမ်မှာ
အမြစ်က ဘဝတလျှောက်လုံးတွယ်လာ

အခုတော့ 
အပွင့်တွေအဖြစ်
တလောကလုံးဖုံးလွှမ်းသွားအောင်
ငါတို့တညီထဲတချိန်ထဲ
တပြိုင်ထဲ ပွင့်ပြလိုက်တော့တာ 
မင်းရောမလိုက်ဘူးလားအချစ်ရေ ။ ။

ဧပြီ ၉ ၂၀၂၁
နံနက် - ၆:၁၀ နာရီ
နံနက် - ၆:၁၀ နာရီ

Comments