ခင်လွန်း - တံခါးဖွင့်ကြည့် ကမ္ဘာကြီး

Crd- Dreamstime.com

တံခါးဖွင့်ကြည့် ကမ္ဘာကြီး
ခင်လွန်း
(သစ်ခက်သံလွင်) မတ် ၂၂၊ ၂၀၂၁

ကဗျာဟာ ကမ္ဘာမှာ 
သူပိုင်တဲ့ နေ့တရက်ရှိတယ်
ကမ္ဘာကြီးရဲ့ကဗျာနေ့ဟာ
ငါတို့အတွက်တော့ 
နွေဦးတော်လှန်ရေးတွေချည်းဖြစ်တော့တာပဲ
ကမ္ဘာကြီးရေ
ကမ္ဘာ့ကဗျာထုကြီးရေ
အသံကိုနားစွင့်လို့
အပြင်ကိုလှမ်းကြည့်ဖို့
တံခါးတွေဖွင့်လိုက်စမ်းပါ
ဆရာကြည်အောင်ရဲ့ခါငှက်လေးတကောင်
ဆူးချွန်တွေတမြမြနဲ့ခံပင်ပေါ်က
နွေဦးသီချင်းတပုဒ်ဆိုနေတယ်
နားစွင့်လော့
ကမ္ဘာမကြေဘူး ...
ကမ္ဘာမကြေဘူး ....
ကမ္ဘာမကြေဘူး ...
...

Comments