ဘုန်းနိုင်လင်း - သောကလယ်ယာ

သောကလယ်ယာ 
ဘုန်းနိုင်လင်း 
(သစ်ခက်သံလွင်) အောက်တိုဘာ ၂၁၊ ၂၀၂၀

မိုးနှောင်းမိုးရယ်
သောကလက်တွေခမျာ မဆန့်နိုင်ဘူး
အလွမ်းဆိုတာ
ရာသီမှီလို့မဆုံးတဲ့ ရိပ်သိမ်းလွင်ပြင်
ခေတ်တိုင်းအထွက်တိုးနေတဲ့အပြုံးက
ရုံးတော်မှာ သာသာယာယာ
၁၇ ရာစုရဲ့ စက်မှုတော်လှန်ရေးက
အလုပ်သမားထုရဲ့ပြသနာ
ဗမာ့လယ်ယာလုပ်သားရဲ့
နိုင်ငံပြင်ပရွှေ့ပြောင်းမှုက
ဗမာ့စက်မှုလယ်ယာရဲ့အစပဲ
ခေတ်အဆက်ဆက် 
ချစ်မြတ်ကြတဲ့ လယ်ယာစိုက်ပျိုးရေးလည်းအထွေထွေ
မိုးနှောင်းမိုးရယ်
ညှာတာပါကွယ်
ရိပ်သိမ်းချိန်ဆို ဒီနှစ်မှာထပ်မငိုပါရစေနဲ့
လယ်အကြောင်း အံခွနေတဲ့ဘဝမှာ
အတွေးအို
အဆွေးတွေပို
မျှော်လင့်ချက်အိုတွေနဲ့
အရွယ်အိုတဲ့အသက်မှာ
သောကလက်အိုများမို့ပါကွယ် 

17Oct2020
3:10AM
SAT

Comments