နေစိမ့် - လွတ်နေတဲ့ငါး

လွတ်နေတဲ့ငါး
နေစိမ့်
(သစ်ခက်သံလွင်) အောက်တိုဘာ ၁၅၊ ၂၀၂၀

မြစ်ထဲမှာ
ငါးဆိုမှ ငါးတကောင်ရှိတယ်။

အဲဒီ့ငါးဟာ
မြစ်ထဲမှာ မပျော်မရွှင် ဖြစ်နေတယ်။ 

အဲဒီ့ငါးရဲ့အိပ်မက်က
သူကိုယ်တိုင် ပင်လယ်ဖြစ်နေတာ။ 

ညည 
အိပ်မပျော်တဲ့ အိပ်မက်ထဲ
ငါးဟာ ပင်လယ်မှာ လှိုင်းထလို့။ 

အဲဒီ့ငါးဟာ
ငါးသက်တမ်းတလျှောက်
ပိုက်ကွန်ကို ပါးဟက်နဲ့ ထိုးခွဲ
မြုံးကို ဖောက်ထွက်
အပျော်တမ်းငါးမျှားချိတ်တွေကို ဟားတိုက်
နိုင်ရာစား ဥပဒေကိုု တမြုံ့မြုံ့ဝါး
ဒါပေမဲ့ ငါးဟာ
အာသာမပြေဘူး
မြစ်ထဲကနေ ခုန်ထွက်ချင်နေတုန်း။ ။ 

နေစိမ့်
၂၀၂၀ စက်တင်ဘာ ၂၃ ရက်


Comments