နေလင်း - အာဏာမူးနေတဲ့နာဠာဂီရိ

www.artmajeur.com
အာဏာမူးနေတဲ့နာဠာဂီရိ
နေလင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၈၊ ၂၀၂၀

အတိုက်အခံနဲ့
အတိုက်အခိုက်သမားဆိုတာ
တူပါရဲ့လားငါ့အစ်ကို

သမိုင်းကိုထောင်ချောက်ဆင်ပြီး
မြစ်တစ်ခုလိုစီးဆင်းသူမျိုးဆက်တွေကို
ညာလို့မရမှန်းသိလျက်နဲ့ပဲငါ့အစ်ကို

လူ့ခရီးလေးဂိမ်းအိုဗာမဖြစ်ခင်
သူများဆော့ဝဲနဲ့ကစားရင်း သူရဲကောင်းထင်နေတဲ့
ရွက်နုသစ်စငနဲလေးတွေကို
ဆေးကြီးကြီးလိုက်ထိုးပေးရင်တစ်သက်လုံး
စုန်းအပြုစားခံထားရသူလူပုလေးတွေလို
အရူးလုပ်ခံရတာကိုငြိမ်နေမယ်ထင်နေလားငါ့အစ်ကို

ကြိုမမြင်နိုင်တာတွေများလည်းအမှန်တရားက
အချိန်တန်ရင်လူရောနေရာပါမှန်စေရဲ့ပဲငါ့အစ်ကို

သမိုင်းကိုတွန်းဖြိုတာ
ဒီမိုကရေစီကိုမိုင်းထောင်လိုက်ခြင်းပဲ
ရဲရင်ဆက်လျောက်
ဝဋ်မှာအမြဲငရဲမှာအပပါပဲငါ့အစ်ကို။ ။ ။






Comments