သစ်ခက်သံလွင်ကဗျာများ- ဖိုးရွှေညီမှိုင်း၊ မိုးခါးနှင့် မြင့်စည်သူမြိုင်

EDII_ECA_PTG_F
ကဗျာဆရာများ
ဖိုး​ရွှေညီမှိုင်း

ချစ်​လည်းချစ်​လွန်း
မုန်းလည်းမုန်းလွန်း
အဲဒီ့ "ဘဝ" ဆိုတာကြီးကို

အားရပါးရ
ခွတိုက်​ပစ်​လိုက်​ရမှ
ကျေ​ကျေနပ်​နပ်
အိပ်​​ပျော်​ကြသူများ ...

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ နိုဝင်​ဘာ ၅
(သူငယ်​ချင်း​တွေအတွက်​ ချစ်​လို့ရေးလိုက်​တဲ့စာ)
 
mark-making-abstract-ar
အငေး
မိုးခါး

အသံနဲ့
လွှင်ထူထားတဲ့အလံ၊
ဆုတောင်းခန်းမှာ
အချင်းများပြီးစ ပန်းအချို့
ငွားငွားစွင့်စွင့်၊
လမ်းတွေ ပိုပိုကျဉ်းလာတယ်
ခြေရာတွေ ပိုပိုရှုပ်လာတယ်
မနက်ဖန်များစွာ
ဒီလိုနေ့တွေ မေ့ပြီး
လျှောက်နေတဲ့ခရီးကိုဇိဝိန်ချုပ်လိုက်တယ်။       ။

မိုးခါး
 
Pinterest
နိုင်ငံသားအတု
မြင့်စည်သူမြိုင်

ကိုယ်ပိုင်အမှတ်ပါတယ်
ကိုယ်ပိုင်အမည်ပါတယ်
အဖအမည်ပါတယ်
မွေးသက္ကရာဇ်ပါတယ်
လူမျိုးပါတယ်
ဘာသာပါတယ်
အရပ်အမြင့်ပါတယ်
သွေးအုပ်စုပါတယ်
ထင်ရှားတဲ့အမှတ်အသားပါတယ်
ဓာတ်ပုံပါတယ်
လက်ဗွေရာပါတယ်
အလုပ်အကိုင်ပါတယ်
နေရပ်လိပ်စာပါတယ်
လက်မှတ်ပါတယ်
ဒီနိုင်ငံသားမှတ်ပုံတင်မှာ
အားလုံးပါတယ်။

ဒါပေမဲ့ . . .
မင်းတို့နှလုံးသားမှာ
နိုင်ငံချစ်စိတ်ဓာတ်ပါမလာဘူး။
မြင့်စည်သူမြိုင်
....

Comments