![]() |
စာရေးဆရာမင်းသစ် |
ကြက်တူရွေးတွေကို စတိုင်ရာကျွေးတဲ့ဘိုင်အိုကြီး
(စာရေးဆရာ မင်းသစ်)
မြတ်လှိုင်း
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၅၊ ၂၀၁၈
-
၈ ရက် နိုဝင်ဘာလ၂၀၁၇ နေ့က ကွယ်လွန်သွားသည့် စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ မင်းသစ် ၏ရုပ်ပုံလွှာတစိတ်တပိုင်းကို ဆရာမဆုံးပါးမီအချိန်က ဇွန် ၂၀၁၇ နေ့ထုတ် First New ဂျာနယ်တွင် စာရေး သူ မြတ်လှိုင်းရေးသားခဲ့သည့်ဆောင်းပါးကို ၎င်း၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။
သစ်ခက်သံလွင်
-
၈ ရက် နိုဝင်ဘာလ၂၀၁၇ နေ့က ကွယ်လွန်သွားသည့် စာရေးဆရာ၊ ကဗျာဆရာ၊ တေးရေးဆရာ မင်းသစ် ၏ရုပ်ပုံလွှာတစိတ်တပိုင်းကို ဆရာမဆုံးပါးမီအချိန်က ဇွန် ၂၀၁၇ နေ့ထုတ် First New ဂျာနယ်တွင် စာရေး သူ မြတ်လှိုင်းရေးသားခဲ့သည့်ဆောင်းပါးကို ၎င်း၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြလိုက်ပါသည်။
သစ်ခက်သံလွင်
................................................................................................................................
ကြက်တူရွေးတွေကို စတိုင်ရာကျွေးတဲ့ဘိုင်အိုကြီး
(စာရေးဆရာ မင်းသစ်)
“ဟေ့ကောင်နေဝင်း၊ မင်းကမိန်းမတွေ
“ဟေ့ကောင် နေဝင်း…. …” အာဏာရှင်ရဲ့နာမယ်ကိုဒေါသတကြီး ခေါ်ပြီး မကျေနပ်ချက်တွေပြော နေတဲ့စာရေးဆရာ၊ တေးရေးဆရာ၊ အယ်ဒီတာ၊ ကျူ ရှင်ဆရာ (ရုပ်ရှင်ကားကိုမရိုက်ြ ဖစ်လိုက်လို့၊ မဟုတ် ရင် ဒါရိုက်တာ ၊ ဇာတ်ညွှန်းဆရာလို့တောင်အမည်တပ် ရမယ့်သူ) အစ်ကို ကြီး မင်းသစ်ရဲ့ေ ပါက်ကွဲနေသံ လား၊ ဖောက်ခွဲနေသံလား အမှတ်ရစွာ ပြန်ကြားနေမိပါတယ်။
ဒီ လိုအားရပါးရပြောနေတဲ့အသံက မအူပင်မြို့၊ မဟာဗောဓိတန်ဆောင်းထဲမှာ ၈၈ လူထုအရေးတော်ပုံကြီး အစပိုင်း မှာ ဟောပြောနေတဲ့အသံပါ။ သူ့ခေါ်လို က်တဲ့ ဟေ့ကောင်နေဝင်းဆိုတဲ့ အသံဟာ ၁၉၆၂ ကတည်း က ၁၉၈၈ အထိ မြိုသိပ်ထားခဲ့ရတဲ့ မကျေမနပ် ခံစားမှုထဲက
ပေါက်ကွဲထွက်လာတဲ့ နှလုံးသားထဲက ပျို့ အန်ထွက်လာတဲ့အသံပါ။ အစ်ကိုကြီးမင်းသစ်က စစ်အာဏာရှင်ခေတ်မှာအဖမ်းခံရပြီး နာမည်ကြီး ထောက် လှမ်းရေးစခန်းေ ရကြည်အိုင်မှာ ဒုက္ခတွေခံခဲ့ရသူပါ။
အဲဒီ့သူ့ရင်ထဲကမကျေနပ်ချက်တွေကိုေ ဖာက်ခွဲပြလိုက်တဲ့အချိန်ကစပြီး အစိမ်းရောင်ကြက်တူရွေးတွေကို စတို င်ရာအစာတွေ ကျွေးနေခဲ့ပါ တယ်။ ”အိ ပ်မက်ကွန်ဖရင့်” ”တစ္ဆေရင်ကွဲ” ” မဟာနန္ဒာ Ph10” တို့ဟာ အကိုမင်းသစ်ေ ရးတဲ့စတိုင်ရာခေါ် သရော်ဝတ္ထုတွေပါ ။ အဲဒီအချိန်မှာ သရော်စာဝတ္ထုတိုေ တွရေးတဲ့သူတွေ အတော်ရှားပါတယ်။ ဆရာမောင်သစ်တို့နောက်မှာ သရော်စာ ဝတ္ထုရေးတဲ့စာရေးဆရာတွေက ဆရာဝင်းေ ဖ ဆရာဖေမြင့်၊ ဆရာမင်းလူ၊ လူရွှင်ေ တ်ာစာရေးဆရာ ချစ်စရာတို့ပါပဲ။ ကျွန်တော်မှတ်မိသလောက်ပြောပြ တာပါ။
ကျွန်တော်နဲ့အစ်ကိုကြီးမင်းသစ် အကြောင်းပြန်ပြောရင် ပြောစရာများပါလိမ့်မယ်။ ဒီမှတ်မိေ နတဲ့အထဲက စိတ်ထဲစွဲထင်နေတဲ့ တချို့အကြောင်းအရာ (အဖြစ်အပျက်)တွေကို ပြန်ပြော ပချင်ပါတယ်။ အစ်ကိုကြီး မင်းသစ်လည်း ဒီအကြောင်းလေးကို ဝတ္ထုပြန်ရေးပြီး ဖြစ်ပါလိမ့်မယ်။
အစ်ကိုကြီးသူငယ်ချင်းကို မင်္ဂလာဒုံေ လယာဉ်ဆိပ်လိုက်ပို့ပြီးတော့ပြန် မယ်အလုပ်မှာ မန္တလေးကို ထွက်မယ့်ေ လယာဉ်ကြီးက ပန်ကာ စလည်ပတ်နေပြီလို့ ပြောပါတယ်။ အဲဒီပန်ကာလည်ပတ်သံ က သူ့နှာ ခေါင်းထဲမှာမန္တလေးမုန့် တီနဲ့သင်းပျံ့နေတယ်တဲ့။ အဲဒါနဲ့  မန္တလေး မုန်တီစားချင်စိတ်မထိမ်းနိုင်လို့ ထွက်မယ့် ဆဲဆဲလေယာဉ် လက်မှတ်ကို ကမန်းကတမ်းဝယ်ပြီး မန္တလေးကိုလေယာဉ်ပျံစီးသွား မုန့်တီစားပြန်လာတယ် တဲ့။ အဲဒီအချိ န်က ရန်ကုန်မှာမုန့်တီ မရသေးပါဘူး။ အဲဒီလိုလူ။
နောက်ပြောချင်ပါသေးတယ်။ အဲဒီအချိ န်က အစ်ကိုကြီးမင်းသစ်နေတာက လှိုင်၊ သုခလမ်းထဲက ခြံ အကျယ်ကြီးထဲမှာ တဲအိမ်လေးနဲ့ေ နတာ။ အဲဒီခြံကြီးကအခုနေရောင်းမယ် ဆိုရင် သိန်းထောင်နဲ့ချီပြီးတန် ပါ တယ်။ ဒီခြံကြီးထဲမှ တဲအိမ်အစုတ်လေးနဲ့နေတာကိုပြောချင်တာပါ။ အိမ်မှာနေတော့ တဲအိ မ်အစုတ်၊ အပြင် ထွက်ရင်တော့ တက်စီငှားပြီးထွက်တတ်တဲ့လူ။ အခု အချိန်ထိ လိုင်းတခါဖူးမှမစီးဖူးသေးတဲ့ လူပါ။
အဲဒီအချိန် တညမှာ အင်းလျားလိပ် ဟိုတယ်မှာ အရက်သွားသောက်မယ်ဆိုပြီး တက်စီငှားပြီးသွားကြတယ်။ ကဗျာ ဆရာဇောင်းထက်လဲ ပါတာပေါ့။ ကျန်တာေ တာ့ ဘယ်သူပါလဲဆိုတာ သေသေချာချာမမှ တ်မိတော့ ဘူး။ အင်းလျားလိပ်ဟိုတယ် က ဘလက်လေဘယ်၊ ချိစ်ကိုမှာပြီး ပို လန်ရေတဲ့။ အဲဒီအချိန်က တော်ရုံလူ ဆိုရင် ကြားတောင်ကြားဖူးမှာမဟုတ် ဘူး။ ပိုလန်ကလာတဲ့ရေက Ph7တဲ့။ အခုအချိန်မှာတော့ လမ်း ဘေး မှာတောင် ဝယ်လို့ရနေပါပြီ ။ အဲဒီ ၈၀/၉၀ ကာလက ပိုလန်ရေကိုဈေးကြီးပေးပြီး ဝယ်ေ သာက်ရတယ်။ ရေသန့်နဲ့သောက်မှ ဘလက်လေ ဘယ်က အရသာရှိတာလို့ အစ်ကိုကြီးမင်သစ် ကခပ်ကြွားကြွားပြောပါ တော့တယ်။ ပို က်ဆံအတော်များများရှင်းလိုက် ရတယ်။
အစ်ကိုကြီးပါသမျှ ကုန်ရောဆို ပါတော့။ ရန်ကုန်ဆူးလေလမ်းမှာ ဘို င်အိုမင်းသစ်ဆိုပြီး ကျူရှင်ခန်း မကြီးထဲ မှာသင်ရတဲ့ ကျူရှင်ဆရာပဲေ လ။ ငွေတွေရတာမှမနည်းသလို ရတဲ့ငွေ ကိုလည်းကုန်အောင်ဖြုန်းပစ်တတ် တယ်။ ထားတော့။ အဲဒီညက အင်လျားလိပ်ဟိုတယ်က တက်စီငှာြး ပန်လာခဲ့ကြတယ်။ သုခလမ်းထဲ က THEMNNTHIT ခြံအဝရောက်တော့ တက်စီပေါ်ကဆင်းကြတယ်။ အစ်ကိုကြီး မင်းသစ်က ခြံထဲမဝင်သေးပဲ “ ဟေ့ကော င်တွေ၊ ငါ အရက်မဝသေးဘူးကွ” ဆိုပြီးပြောတဲ့အခါ၊ ကဗျာဆရာဇောင်းထက်က” အရက် အကောင်းစားဆိုပြီး သောက်ရေး မပါတာ၊ မူးလဲမမူးဘူး” ဆိုပြီးထော က်ခံပါလေရော။ ပိုက်ဆံကလည်း ပါတာကုန်ေ နပြီဆိုတော့ လမ်းထိပ်တောအရက်ဆို င်ကိုရောက်ပါလေရော။
လမ်းထိပ်တော အရက်ဆိုင်မှာ အကြွေးယူပြီး တောအရက်ကို သံပုရာသီးနဲ့ အုန်းမုတ်ခွက်နဲ့ရေခပ်ပြီး သောက် ကြတော့မှ မူးသွားတယ်။ အစ်ကိုကြီးမင်းသစ် က အခုမှ မူးတာတဲ့။ အဲဒီလိုလိုလူ။
အဲဒီလိုမူးတော့မှခြံထဲပြန်ဝင်လာ ခဲ့ကြတယ်။ အဲဒီအချိန်က ကျွန်တော်လည်း အစ်ကိုကြီးမင်းသစ် ခြံထဲမှာနေတဲ့အချိန်။ တဲစုတ်စုတ်လေးရဲ့အေ ရှ့ကွပ်ပျစ်လေးမှာ ကျွန်တော်နဲ့  ဦးဖိုးထူး (ကဗျာဆရာမောင် သင်းခို င်) က ခြင်ထောင်ကျဉ်းလေးထောင်ပြီး အတူ အိပ်တယ်။
အပြင်မထွက်တဲ့နေ့တွေဆိုခြံထဲမှာ လူတွေစုံတယ်။ မောင်ခိုင်မာ၊ မောင် ရန်ပိုင်၊ မောင်တင်ဆင့်၊ ဇောင်း ထက်၊ မောင်အောင်ပွင့်တို့က အမြဲလို လာကြတဲ့သူတွေ။ ခံစားသူကြီးလည်း ပင်တိုင်ပါပဲ။ တခါတရံမှာ ဆရာတင်မိုးလည်းရောက်လာတတ်တယ်။ ခြံထဲမှာေ နတဲ့ ကိုချစ်ဇော် က ချက်ပြုတ်ရေးတာ ဝန်ခံပေါ့။ ဘယ်သူလာလာ အစ်ကိုကြီး မင်းသစ်နဲ့အစ်မကြီးရှယ်လီ(ရှယ် လီထွား၊ အင်္ဂလိပ်ပိုင်း အဆိုတော်) က တာဝန် မကျေဘူးဆိုတာမရှိစေရဘူး။ြ ခံထဲလာသူဖြစ်စေ၊ ၃၃ လမ်းစာပေလောကထဲမှာ လိုအပ်လို့ အကူအညီတောင်းသူဖြစ်စေ ကူညီနိုင်သလောက် ကူညီလိုက်တာပါ။ စာပေနယ်ကဒုက္ခသည်တွေကို ထမ်းနိုင်သမျှထမ်းထားသူတယောက် အဖြစ် သိခဲ့ကြတယ်။
နောက် ခြံထဲမှာ ဘော်ဒါဆောင်တွေဆောက်ပြီးဖွင့် တယ်။ ရန်ကုန်မှာ အမြဲနေ ဘော်ဒါဆောင်ဖွင့်တာ အစ်ကိုကြီးမင်းသစ်က အရင်ဆုံးထဲမှာပါ တယ်လို့ပြောနိုင်ပါတယ်။ ဆယ် တန်းကျောင်းသားတွေကို တစ်နှစ်စာဘယ်လောက်ဆိုပြီးလက်ခံ လိုက်တာဆောက်ထားတဲ့အဆောင်တြွေ ပည့် သွားပါတယ်။ လူနေအဆောင်တွေ၊ စာ သင်ခန်းမ၊ စားသောက်ဆောင်၊ စားဖိုေ ဆာင်တွေအဆင့်အတန်းမြင့်သလောက် အစ်ကိုကြီးမင်းသစ်တို့နေတာကတော့ တဲစုတ်လေးပါပဲ။ ဘာသာစုံသင်တဲ့ဆရာေ တွကကျူရှင်လောကမှာ နာမယ်အကြီးဆုံးတွေပါပဲ။ ဆရာတင်မိုးက မြန်မာစာ သင်တယ်။ ကိုဟိန်းလတ်က အင်္ဂလိပ်စာ၊ ကိုသန်းနိုင် က သင်္ချာ စသဖြင့်။
ဒီအချိန်မှာကြီးကြီးကျယ်ကျယ်ေ နချင်တဲ့စိတ်ကအစ်ကိုကြီးမင်းသစ် မှာပေါ်လာပါလေရော။ ငွေတွေရ တဲ့အချိ န်မှာ ကားဝယ်မယ်ပေါ့။ ကားဝယ်မယ်ဆိုေ တာ့ အဲဒီအချိန်ကခေတ်စားနေတဲ့ဂျ ပန်ကထုတ်တဲ့ SE လိုကားမျိုးပဲလို့ ထင်ခဲ့တာ။ အစ်ကိုကြီးမင်းသစ်ဝယ် ချလာတာက ဂျာမန်ကား။ ဂျာမန်ကားတော င် သံရုံးက လေလံဆွဲပြီးဝယ်တာ။ ကား ကြီးကအဟန့်ကြီးတယ်။ ခန့်ညားတယ်ေ ပါ့။ ”ဒီကားမျိုးက ဂျင်တဲလ်မင်းတွေ စီးတာ” တဲ့။ ကျွန်ေ တ်ာတို့လည်း အစ်ကိုကြီးမင်းသစ်ကိုအထင်ကြီးသွားတယ်။ သူဝယ်လာတဲ့ကားက တော်ရုံတန် ရုံလူတွေမစီးနိုင်ဘူး။ မစီးကြဘူး လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ေ နာက်မှ ဒီဂျာမန်ကားက ဆီအရမ်း စားတယ်တဲ့။ သံရုံးကလူတွေ မို့စီးနိုင်တာ၊ အပြင်လူဆိုရင် ဆီဖိုးနဲ့မွဲလိမ့်မယ်တဲ့။ နောက် ကားရပ်ဖို့နေရာက လည်း အရမ်းရှား တယ်။ ကားကအကြီးကြီးဆိုတော့ နေရာရှားတာပေါ့။ ကြာတော့ပြန်ရော င်း မယ်ဆိုတော့ ဝယ်မယ့်လူကမရှိဘူး ။ မင်းသစ်ဆိုတာ အဲလိုလူ။
တနေ့ ဆရာမင်းသစ်နဲ့ဆရာမရှယ်လီထွားဆို တာ သူစာသင်ခဲ့ရတဲ့ဆရာနဲ့ဆရာမဆိုပြီး ကိုဗဟိန်း အောင်(ဗန်းမော်တင်အော င်သား) ကပြောပြီး ခြံထဲကိုကျွန်ေ တ်ာနဲ့လိုက်လာတယ်။ ဆရာတပည့်သုံး ယောက်ပြောလိုက်ကြတာ မရပ်နိုင်ကြဘူး။ ကိုဗဟိန်းအောင်ပြောတဲ့ စကားထဲ မှာ အခုထိမှတ်မိနေတာက ”ဆရာမင်းသစ် က တွံ့တေးသိန်းတန်ကို သီချင်းတွေေ ရးပေးနေတဲ့တေးရေးဆရာပေါ့၊ သူရေး တဲ့သီချင်း တွေထဲမှာ အောင်သွယ်တော် ဖိုးရွှေလမင်းတို့ဆို အရမ်းနာမယ် ကြီးတဲ့သီချင်းတွေပေါ့။ ဗမာအသံသီ ချင်းတွေကို ပိုင်ပိုင်နိုင်နို င်ရေးတတ်သူ၊ ဇာတိကလည်း စစ်ကိုင်း သားဆိုတော့ ဗမာအရမ်းဆန်လိမ့်မယ်ေ ပါ့၊ မရှယ်လီထွားက အင်္ဂလိပ်သီချင်းေ တွကိုမြန်မာ့အသံမှာဆိုနေတဲ့သူ၊ ခရစ်ယာန်လည်းဖြစ်တော့ ဘိုဆန်လိမ့် မယ်ပေါ့၊ ဒါကကိုဗဟိန်းအောင်က ခန့် မှန်းခဲ့တာ၊ တကယ်တမ်းကျတော့ ကိုမင်းသစ်က ဂျင်းဘောင်းဘီကို မချွတ်တမ်းဝတ်ပြီး တကယ့် ဘိုဆန်ဆန်နေချင်သူ၊ မရှယ်လီ က ထမီကိုဖြစ်သလိုဝတ်ပြီး ငပိရည်နဲ့ထမင်း ကို ဇလုံထဲထည့်နယ်ပြီး စား တတ်သူ၊ ဗမာအရမ်းဆန်တဲ့မွန် မကြီးဆိုတော့ ခန့်မှန်းထားသမျှ တက်တက် စင်အောင် လွဲနေတဲ့အကြောင်းပြန်ပြောကြတော့ ရီလို့မဆုံးနိုင်အောင်ဖြစ်ခဲ့တာ မှတ်မိပါသေးတယ်။
အဲဒီနေ့က ကိုဗဟိန်းအောင်က အင်္ဂလိပ်စာကျူရှင်ဆရာပြန်လုပ်ခဲ့ ရတာလည်း ဆရာနဲ့ဆရာမတို့ရဲ့ ကျေး ဇူး ပါတဲ့။ ကျွန်တော်က ဒါဆို အစ်ကို ကြီးနဲ့အစ်မကြီးတို့ဆီက အင်္ဂလိပ်စကားပြောသင်မယ်ဆိုတော့ ” ဟဲ့ အကောင်မြတ်လှိုင်း၊ နင်ကငါတို့အိမ်မှာနေပြီး ထူးသင်စရာမလိုဘူး၊ ငါတို့ လင်မယား ည
ညရန်ဖြစ်နေတဲ့ အသံတွေ နားထောင် အလိုလိုတတ်သွားလိမ့်မယ်” လို့
အစ်မကြီးမရှယ်လီကပြောတယ်။ ဟုတ်ပါ ရဲ့ဗျာလို့ ကျွန်တော်လည်းတွေးမိပါလေရော။ သူတို့လင်မယားနှစ်ယောက်က ဘိုလို ရန်ဖြစ်တာညတိုင်းပါပဲ။
ညည့်နက် သန်းခေါင်ပါပဲ။ ကျွန်တော်နဲ့ ဦးဖိုးထူး (မောင်သင်းခိုင်)က အေ ရှ့ကွပ်ပျစ်ပေါ်ကနေ အတိုင်းသား ကြားနေရတာပေါ့။ ဦးဖိုးထူးကတော့ လုံးဝမကြားနိုင် ပါဘူး။ သူကပြောတာ ကျုပ်က ဇင်ဆိုပဲ၊ အိပ်ရင်ခေါင်း အုံးပေါ်ခေါင်းကျတာနဲ့ တခေါခေါ ခေါတော့တာပဲ။ အဲဒီဇင်ကိုခေါင်းရိုက်ခွဲပစ်ချင်တယ် လို့ ကျွန်တော်နောက် ပြီး ပြောခဲ့ပါသေး တယ်။ ဦးဖိုးထူးက ဇင်ဘာသာဖြစ်တာမြ ဖစ်တာတော့မသိ၊ အစ်ကိုကြီးမင်း သစ်ကတော့ ကွန်မြူနစ်စစ်စစ်။ ဗကပ(ဗမာပြည်ကွ န်မြူနစ် ပါတီ) ကိုမထောက်ခံတဲ့ နိုင်ငံတကာကွန်မြူနစ်ဝါဒီတယော က်ဆိုတော့ ဘာသာမဲ့ဖြစ်နေတယ်လေ။
နောက်အမှတ်ရနေတာက အစ်ကိုကြီးမင်း သစ်နဲ့ကျွန်တော်ရုပ်ရှင်လောကဆရာ ပါပါကြီး (ဒါရိုက်တာ မောင်တင်ဦး) တို့နှစ်ယောက် ဆုံကြတယ်။ ကျွန်တော် နဲ့ပတ်သက်ပြီး သူတို့နှစ်ယောက်ဆုံပြီး ယမကာမှီဝဲ ဖြစ်ကြတယ်ဆိုပါတော့ ။ အစ်ကိုကြီးမင်းသစ်ကလည်း ပါပါကြီးကို အထင်ကြီးနေသူ၊ ပါပါကြီးကလည်း အစ်ကိုကြီးမင်းသစ်ကို အထင်ကြီးေ နသူ။
ဒီလိုလူနှစ်ယောက်ဆုံဖြစ်ကြေ တာ့ စကားတွေပြောရင်း ရုပ်ရှင်တကားရိုက်ကြမယ်ပေါ့။ နှ စ်ယောက်စလုံးက ကြီးကြီးကျယ်ကျယ် လုပ်တတ် သူ။ ရုပ် ရှင်ကားကလည်း နှယ်နှယ်ရရရိုက်မယ့် ကားမဟုတ်တော့ဘူး။ နိုင်ငံတကာကို နယ်ချဲ့မယ်လို့ပြောနိုင်တဲ့ကား။ပြောရင်းနဲ့ ဒီရုပ်ရှင်ကားကြီးကို မြစ်ဝကျွန်းပေါ်က
တံငါလုပ် စားနေတဲ့လူတွေကို အခြေတည်မယ်။ အစ်ကိုကြီးမင်းသစ်က
သူစိတ်ကူးနဲ့ရေးထားတဲ့ဇာတ်လမ်း ကိုပြော ပြပါလေရော။ ပါပါကြီးက ဇာတ်လမ်းကိုနားထောင်ပြီး ဒါရိုက် တာပညာကုန်ထုတ်သုံးပြီးရိုက်မယ်ေ ပါ့။ ဇာတ်ညွှန်းက ကျွန်တော်ရေးပေါ့ ။
သူတို့နှစ်ယောက်ပြောနေတာကိုကျွ န်တော်ပြုံးပြီးနားထောင်နေလိုက် တယ်။ သူတို့ပြောနေတာတွေက အရမ်းကြီးကြီးကျယ်ကျယ်ရိုက်မယ့်ပုံ။ ဒါကိုလည်း မဖြစ်လာနိုင်ပါဘူးလို့လည်း မပြော ရဲဘူး။ သူတို့လိုလူတွေက သူများတွေက မဖြစ်နိုင်ပါဘူးထင်တာတွေကို အံ့သြသွားလုပ်ပြတတ်တဲ့လူတွေဆို တာလည်း ကျွန်တော်သိနေတယ်လေ။
ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။ သိပ် မကြာခင်မှာပါပါကြီးလည်းဆုံးသွား တယ်။ သူမဆုံးခင်လေးမှာအစ်ကိုကြီး မင်းသစ်နဲ့ဆုံတွေ့သွားပါတယ်။ ဒီေ တွ့ဆုံမှုဟာမြန်မာပြည်မှာထူးခြား တဲ့ ပုဂ္ဂိုလ်နှစ်ယောက်တွေ့ဆုံသွားခဲ့ တာလို့ မှတ်မိနေပါတယ်၊ အခုဆို အစ်ကိုကြီးမင်းသစ်လည်း အသက် အရွယ်ရနေပါပြီ။ စိတ်ထဲကြံစည် ထား ခဲ့သမျှတွေကိုအကောင်အထည်မဖော် နိုင်တော့ပါဘူး။ သူသာစိတ်ထဲရှိ သမျှအကောင်အထည် ဖော်နိုင် ဦး မယ်၊ အကောင်အထည်ဖော်ခွင့်ရနေမယ်ဆို ရင် သူရေးနေတဲ့ ပညာရေး ဝေး ဝေးဆိုတာကို မဝေးအောင် လမ်းညွှန်ပြနိုင်မယ်လို့  ထင်နေမိပါတယ်။
(အစ်ကိုကြီးမင်းသစ် အားဂါဝရပြုအမှတ်တရ)
မြတ်လှိုင်း
(First News -ဂျာနယ်)
( မူရင်းဓာတ်ပုံရှင်ကို Credit ပေးပါသည်)
Comments
Post a Comment