ဒေါ်အောင်ဆန်းစုကြည်ကို ပူးသတ်နေကြပြီလား
မြတ်လှိုင်း
ဇန်နဝါရီ ၂၃ ၂၀၁၈
ထောင်ထဲကထွက်လာပြီး နောက်ပိုင်းနိုင်ငံရေးနယ်ထဲကြို ပန်ဝင်တော့10D နိုင်ငံရေးအုပ်စု ထဲမှာ ပြန်လှုပ်ရှား ဖြစ်တယ်။ ၂၀၁၃ ရှစ် လေးလုံးငွေရတုကျင်းပပြီးချိန်မှာ ရှစ်လေးလုံးငွေရတုဆုံြး ဖတ်ချက်အကောင်အထည် ဖော်ဆောင်ရေး ဦးဆောင်အဖွဲ့ဝင်အနေနဲ့တာဝန်ယူေ နတဲ့အချိန်ပေါ့။ နောက် 10D နိုင်ငံေ ရးအင်အားစုတွေ က လက်ရှိနိုင်ငံရေး အဖွဲ့အစည်းတွေမှာ ပါဝင်လှုပ်ရှားေ နကြတဲ့သူတွေ အများကြီးပါပဲ။ အဲဒီ 10D နိုင်ငံရေး အင်အားစုထဲမှာ ကို ကိုကြီး၊ ကိုကိုကြီး(စမ်းချောင်း )၊ အံ့ဘွယ်ကျော်တို့က ၈၈ငြိမ်းပွ င့်မှာ၊ ဇေယျ(ကုလားမ) ၊ မျိုးမြင့် တို့က လူ့ဘောင်သစ်ပါတီမှာ၊ တိုး ဝင်း၊ သက်နိုင်ဦး၊ စန်းမြိုင်(သားလေး)၊ အောင်မျိုးဆန်းတို့က အင် အယ်ဒီမှာ အသီးသီးလှုပ်ရှားနေကြတယ် ။ 10D ကလူတွေ များပါတယ်။ အဲဒီမှာအကု န်ဆုံနိုင်ဖို့ဆိုတာ ကလည်း ခက်တယ် ။ 10D အနေနဲ့အမြဲလှုပ်ရှားမှုတွေလု ပ်နိုင်အောင် 10D နိုင်ငံရေးအင်အားစုထဲက နိုင်ငံ ရေး ပလက်ဖောင်းတခုအနေနဲ့  နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု အဖွဲ့ကိုဖွဲ့ခဲ့တယ်။ ကျွန်တော် လည်း အဖွဲ့ကို ဦးဆောင်သူတယောက်အြ ဖစ်ပါခဲ့တယ်။ ဒါတွေ ပြောပြနေတာက အတူတွဲနေတဲ့သူငယ်ချင်းတွေက သူ တို့နဲ့ပြန်လှုပ်ရှားဖို့ဆိုပြီးပြောနေကြလို့ပါ။ သူတို့ကအဲဒီ အချိန်မှာအင်အယ်ဒီဗဟိုကော်မတီ ဝင်တွေ။ ကျွန်တော့်ကိုပြန်ဆွဲေ ခ်ါနေတာကလည်း အင်အယ်ဒီမှာပြန်ပါဖို့ပြောနေတာ ပါ။
ကျွန်တော်တို့ပြောဆိုဆွေးနွေး ကြရင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြောင်းကိုရောက်သွားခဲ့တယ်။၂၀၁၅ ရွေး ကောက်ပွဲမှာ တကယ်လို့အင်အယ်ဒီ အနိုင်ရခဲ့ရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့ရတော့မယ်။ အင် အယ်ဒီ မှာ အမာခံလူဟောင်းလူကောင်းတွေလိုေ နတယ်ပေါ့၊ အခုအချိန်မှာ ရွေး ကောက် ပွဲအနိုင်ရလို့ အာဏာလွှဲ ပေးရရင်ေ ဒ်ါအောင်ဆန်းစုကြည်ရဲ့ဘေးမှာလူေ ကာင်းတွေမရှိအောင် စစ်အာဏာရှင်ေ တွကလုပ်ပြီးမှလွှဲ ပေးမှာပဲ၊ ခပ်ရို င်းရိုင်းပြောရရင် ဒေါ်အောင်ဆန်း စုကြည်နဲ့အင်အယ်ဒီမှာ ဂျို(ချို)ကျိုးနားရွက်ပဲ့တွေချည်းပဲ ကျန်နေအော င် နည်းအမျိုးမျိုးနဲ့လုပ်ပြီးမှ အာဏာလွှဲ ပေးမယ်ပေါ့။ အဲဒီတော့အင် အယ်ဒီစဖွဲ့ကတည်းက ပါ ဝင်လှုပ်ရှား ခဲ့တဲ့လူတွေပြန်ပါဖို့လိုတယ်ဆိုပြီးတော့ ဆွေးနွေးဖြစ်ကြတယ်။နောက်ပြီးတော့ အင်အယ်ဒီ မျိုး ဆက်လူငယ်တွေပါဝင်လာဖို့ပေါ့ ။
အဲဒီအချိန်မှာ အင်အယ်ဒီလူငယ်မျိုးဆက်သစ်တွေရဲ့ အနေအထားကို ကြည့်တော့လည်း အားရှိ စရာမရှိဘူး အင်အယ်ဒီ မျိုးဆက်သစ်လူငယ်တွေထဲမှာ ပညာတတ်တွေတော့ ပါလာပါတယ်။ ဒါပေမဲ့ ပညာတတ်တာ က အတန်းပညာတတ်တာမျိုးပါ။ နိုင်ငံေ ရးနဲ့ပတ်သက်ရင် ဘာမှ မသိဘူးလို့ပြောနိုင်ပါတယ်။
အဓိကကတော့ စာမဖတ်ကြတာပါပဲ။ ပြောမယ့်သာပြော တာ။ ကျွန်တော်နဲ့ ဆွေးနွေးနေတဲ့သူ ငယ်ချင်းတွေ ကလည်းစာမဖတ်ကြပါဘူး။ နိုင်ငံရေးလုပ်သက်အတွေ့အကြုံတွေ များလာတာ၊ နိုင်ငံရေးဖြတ်သန်းမှု မှာ ထောင်ထဲမှာ ကြုံရတဲ့အတွေ့အကြုံေ တွလောက်ပဲရှိခဲ့တာပါ။ အဲဒီအချိန် ကအသစ်ဖွဲ့လိုက်တဲ့ ဗဟိုကော်မတီ ဝင်အများစုဟာလည်းသူတို့လောက်တော င်မှ အရည် အချင်းမရှိသူတွေများတာ ကိုတွေ့မြင်နေခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အင်အယ်ဒီပါတီေ ခါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေရဲ့အားနဲ့ အနိုင်ရလိမ့်မယ်ဆိုတာကိုတော့ တွ က်မိခဲ့ပါတယ်။
တကယ်လည်း၂၀၁၅ ရွေးကောက်ပွဲမှာပြို င်ဘက်ကြံ့ခိုင်ရေးပါတီကိုအနိုင် ရခဲ့ပါတယ်။ အနိုင်ရတဲ့အနေအထား အရလွှတ်တော်ကိုယ်စားလှယ်တွေ ရွေး ချယ်ခဲ့တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့ တာကြောင့် လွှတ်တော်ကဏ္ဍမှာ အားနည်းမယ်လို့သိနေခဲ့ကြပါတယ်။ အစိုးရအဖွဲ့ကိုဖွဲ့တဲ့ အနေအထား မှာ အချိ န်ကာလတိုအတွင်းမှာလူတွေရွေးချယ် ခဲ့ရတော့ ပြည်သူတွေအားမရခဲ့ကြပါ ဘူး။ အစိုးရအဖွဲ့ကို အင်အယ်ဒီပါတီေ ခါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ဦးဆောင်ဖွဲ့ခဲ့ပေမယ့် ပြည်သူတွေလိုလားတဲ့ အစိုးရ တရပ် မဖြစ်ခဲ့ပါဘူး။ ကျွန်တော်တို့  ၂၀၁၄ မှာပြောဆိုဆွေးနွေးခဲ့ကြတဲ့အတို င်း ဒေါ်အောင်ဆန်း စုကြည် ဘေးမှာဝန်းရံေ ပးတဲ့လူအင်အားချိနဲ့နေအောင် စစ်အာဏာရှင်တွေက လုပ်ဆောင်ပြီးမှ တိုင်းပြည် အာဏာကိုလွှဲပြောင်းပေး လိုက်တာပါ။ ပြည်သူတင်တဲ့အရပ်သား အစိုးရဟာ အားနည်းချိနဲ့နေတော့ ပြည်သူ တွေနစ်နာသွားကြရတာပါပဲ။
အဲဒီလိုပါပဲ၊ နောက်ဗျူဟာတခု က စစ်အာဏာရှင်ရဲ့ဆုတ်ခွာလမ်းကို အခိုင်အမာအကာအကွယ်ယူပြီးတော့ အကျအဆုံးမဲ့စွာဆုတ်ခွာနိုင်ရေး ပါပဲ။ ဒီဗျူဟာကိုတော့ ၂၀၀၈ ခြေဥကိုအခိုင်အမာကတုတ်ကျင်းထားပြီး ဗဟိုခံစစ်အဖြစ်ထားပါတယ်။ နောက်ချ န်ခံစစ်မှူးကိုတော့ ဘယ်ညာတောင်ပံ နှစ်ဖက်နဲ့ အတက်အဆုတ် ကစားတဲ့ နည်း ဗျူဟာပါ။ ဒါပေမဲ့ တောင်ပံခံစစ်မှူးဦးသိန်းစိန်ဟာ အခြေအနေမလှခဲ့တာေ ကြာင့် အနားပေး ခဲ့ပါတယ်။
ဦးသိန်း စိန်အစိုးရလက်ထက်မှာ သူ့အစိုးရနဲ့ခရိုနီတွေဟာ တိုင်းပြည်ကရသမျှအကုန်သိမ်းကျူံးယူခဲ့ပါတယ်။ အဓိက ခံစစ်မှူးအနေနဲ့သူရဦးရွှေမန်း ကစာဖတ်သူကြီးကစားကွက်ထဲမှာ အခု အချိန်ထိပါဝင်နေတယ်လို့ ထင်မှတ် မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲ ပြောင်းရေးအဆင်ပြေအောင် ဆိုပြီး စာဖတ်သူကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ ဆုံနိုင်အောင် ဖန်တီးပေးခဲ့တာကိုကြည့်ရင် သိနို င် ပါတယ်။
ဒီအကြောင်းကိုအခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပိုပြီး ရင်းနှီးမှုကိုရယူခဲ့ပါတယ်။ ဒေါ်ေ အာင် ဆန်းစုကြည်ဦးဆောင်ဖွဲ့မယ့် အရပ်သား အစိုးရအဖွဲ့မှာ သူ့လူတွေ ပါအောင်ထည့်လိုက်သိနေခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များေ လ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် မှာ ဥက္ကဋ္ဌအဖြစ်ပါဝင်ခဲ့ပြီး၊ ဒီဥပဒေေ ရးရာဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ် သုံးသပ်ရေးကော် မရှင် ကိုပြည်ထောင်စုအဆင့်ဖြစ်ေ အာင်လည်း ပြည်ထောင်စုလွှတ်တော်ဥပေ ဒရေးရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ြ ဖစ် အောင်ဖန်တီးခဲ့ပါတယ်။
တကယ်တန်းတိုင်းပြည်ကိုချစ်လို့ ဆိုရင်၊ ဒီပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးက်စ္စရပ်များေ လ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အနေ နဲ့ ၂၀၀၈ ခြေဥကိုပြင်ဆင်ဖို့ အသံတောင်မထွက်ပဲနဲ့ သူ့သား တွေကို ကုမ္ပဏီထောင်ခိုင်းပြီးတော့ ဘီလျှံ နာသူဋ္ဌေးကြီးတွေ ဘာဖြစ်လို့လုပ်ေ ဆာင် ပေးခဲ့တာလဲ။ သူ့သားခရိုနီကြီးတွေကို အခွင့်အရေးတွေပေးနေရတာလဲ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားအကိုး ရဆုံး ဦးဝင်းထိန်ကိုပါ အဲဒီကော် မရှင်ထဲ ဆွဲထည့်ခဲ့ပြီးချုပ်ထား လိုက်ပါသေးတယ်။
အခုဆိုရင် ဝန်ကြီးဌာနသစ်နှစ်ခုတိုးတဲ့ဝန် ကြီးနှစ်ဦးကိုကြည့်ရင် စစ်အာဏာရှင်လက်ထက်က အကြီးတန်း အရာရှိကြီးတွေဖြစ်နေတာ ကို တွေ့လိုက် ရပါတယ်။ အရပ်သားအစိုးရထဲမှာ စစ်အာဏာရှင်ခေတ်က ဗိုလ် ချုပ်တွေပါဝင်နေတာမနည်းတော့ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေး မှာ ဝန်းရံနေသူတွေကိုကြည့်ရင် အခုလက်ရှိစစ်ဘက်ကအကြီးအကဲတွေမဟု တ်ပဲ၊ အရင်စစ်အာဏာရှင်ခေတ်ကဗိုလ် ချုပ်တွေဖြစ်နေတာ တွေ့ရပါတယ်။ အခြု ပန်ဖွဲ့လိုက်တဲ့အဂတိတိုက်ဖျက်ေ ရးအဖွဲ့ကိုလည်း ကြည့်ပါ။ ဗိုလ်ချုပ်ေ တွ၊ ရဲချုပ်တွေ ပါဝင်နေပါတယ်။ နော က်တချက်က အခုအသစ်ဖွဲ့လိုက်တဲ့ ဝန် ကြီးဌာနနှစ်ခုဟာ ဒေါ်အောင်ဆန်းစု ကြည်ကို ချုပ်ထားချင်တဲ့သဘောတွေ တွေ့ရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနဆိုရင် ဒေါ်အောင် ဆန်း စုကြည်ဝန်ကြီးအဖြစ်ကိုင်ထား တဲ့သမ္မတရုံးဝန်ကြီးဌာနကို ပူးတွဲ ကိုင်မယ့်ပုံရပါတယ်။
အဲဒီလိုပဲ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင် ရွက် ရေးဝန်ကြီးဌာနဟာလည်းဒေါ်အော င်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုချုပ်ထားလိုက်တယ် လို့ထင်မိပါတယ်။ အဲဒီအပြည်ပြည်ဆို င်ရာ ပူး ပေါင်းဆောင် ရွက်ဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင် က ကိုင် မှာပါ။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် လက်ရှိအမျိုးသားလြုံ ခုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်း က ကိုင်မှာပါ။ ပြည်ေ ထာင်စု လွှတ် တော်မှာဒီဝန်ကြီးဌာ နကိုခန့်အပ်တာဝန်ပေးတဲ့ ဦးသောင်းထွန်းဟာ အမေရိကန်ကသူဋ္ဌေးကြီး ဂျော့ ဆိုးရောစ့်ဆီမှာအလုပ်လုပ်ခဲ့ဖူး တယ်ဆိုပြီး ကန့်ကွက်ခဲ့ပါသေးတယ်။ ဘာပဲပြောပြော အခုလုပ်ဆောင်မှုတွေဟာ ဦးရွှေမန်းရဲ့အကြံအစည်တွေလို့ပြောနိုင်ပါတယ်။
ပြောမယ်ဆိုရင် အရပ်သားအစိုးရခေါ င်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွ က် အခက်အခဲအကြပ် အတည်းဖြစ်နေချိန် မှာ အခွင့်ကောင်းယူပြီး ပူးသတ်နေသလားတောင် ထင်မှတ်ရပါတယ် ။ လက်ရှိအနေအထားမှာ သူတို့စစ်အာဏာရှင်ခေတ်က တိုင်းပြည်ပျက်အောင်ဖျက်ခဲ့တာေ တွကို ကာကွယ်ဖို့ အစီအစဉ်တကျ ဗျူဟာရေးဆွဲပြီးဆောင်ရွက်သလြို ဖစ်နေပါတယ်။ အတိတ်ကိုဖုံးကွယ်ထား နိုင်အောင် အစပိုင်းမှာ ရည်ရွယ်ခဲ့ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရရဲ့အားနည်းချက်ေ တွကြောင့် အနာဂတ်မှာတိုင်းပြည် ကိုပြန်အုပ်စိုးချယ်လှယ်ဖို့အထိ ကိုလည်း ဦးတည်လာပုံ ရပါတယ်။
လက်ရှိ တပ်မတော်ကတော့၂၀၀၈ ခြေဥကိုအခိုင် အမာကိုင်စွဲပြီးရပ်တည်နေတာပါ။ အခုအချိန်မှာတော့ စစ်အာဏာရှင်ဟော င်း တွေကလည်း နှစ်အုပ်စုကွဲနေတယ် လို့ သတ်မှတ်ရတော့မှာပါ။ ပြည်ထော င်စု လွှတ်တော်မှာဝန်ကြီးဌာနအသစ်ြ ဖစ်တဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှာ ခန့်အပ်တာဝန်ပေး မယ့် ဦးသောင်းထွန်းကိုကြံ့ခိုင်ေ ရးပါတီက အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးစိုးသိန်းက ကန့်ကွက်တာ ကို ကြည့်ရင်သိနိုင်ပါတယ်။ ဦးစိုးသိန်းဟာ အရင်ဦးသိန်းစိန်အစိုး ရမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့ သလို၊ စစ် အာဏာရှင်ခေတ်က ဗိုလ်ချုပ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒီအုပ်စုက ကြံ့ခိုင်ရေးပါတီပါ။ ဒီအုပ်စုကေ တာ့ ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်ချက် ထားနေပါတယ်။ ဒါကတော့ ပြည်သူရဲ့ အဆုံးအဖြတ်ပေါ် မူတည်နေပါလိမ့်မယ်။ နော က်အုပ်စုကတော့ လက်ရှိပြည်ထောင်စု အဆင့်တာဝန်တွေကိုရယူထားတဲ့ ဦးေ ရွှမန်းအုပ်စုပါ။
အရင်လွှတ်တော်ဥက္က ဋ္ဌအနေနဲ့လွှတ်တော်ထဲမှာ ဒေါ်အောင် ဆန်းစုကြည်ကို ရင်းနှီးအောင်ပေါ င်းသင်း ဆက်ဆံပြီး ဒီမိုကရေစီကိုလို လားသလို လုပ်ပြခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။
တကယ်တိုင်းပြည်အကျိုးနဲ့ဒီမိုကရေစီအကျိုးကိုလိုလား ရင် ပြီးခဲ့တဲ့လွှတ်တော်မှာကတည်း က၂၀၀၈ ခြေဥ ပြင်ဆင်ရေးကို အသည်း အသန်ကြိုးစားခဲ့ရမှာပါ။ အဲဒီအြေ ခအနေမှာ အာဏာတွေလည်းရှိနေတဲ့ အချိန်ပါ။ သူ့ သား အောင်သက်မန်းတို့ကို ခရိုနီအကြီးစားတွေ ဖြစ်အောင်သာ သြဇာနဲ့အာဏာကို အသုံးချ ခဲ့ပါတယ်။ တိုင်းပြည်နဲ့ပြည်သူတွေအကျိုးကို အသိအမှတ်ပြုစရာဖြစ်အောင်လုပ်ဆော င်ပြခဲ့တာကို မတွေ့ရပါဘူး။
အမြော်အမြင်ပဲရှိခဲ့တာလား၊ မိမိ အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ လား၊ စာအုပ်ဖတ်နေသူကြီးရဲ့ချမ်း သာ ကြွယ်ဝနေမှုတွေကိုကာကွယ်နိုင် ဖို့လား ဆိုတာစဉ်းစားစရာပါ။
အခုအချိန်မှာ ပြောတာတွေထက်ပိုလာပါပြီ၊ ဒေါ်အော င်ဆန်းစုကြည်ရဲ့အရပ်သားအစိုးရထဲ မှာ အာဏာရှိ သူတွေတိုးပွားလာအောင်လု ပ်ဆောင် နေပြီလို့ထင်မှတ်ရပါတော့ မယ်။ ဒီတိုးပွားလာတဲ့ လူတွေကလည်း စစ်အာဏာရှင်ခေတ်က အာဏာရှိသူလူဟောင်းတွေဖြစ်နေပါ တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်စွဲ ကိုင် ထားတဲ့ ရင်ကြားစေ့ရေးနဲ့မဆိုင်တာကိုတွေ့ ရမှာပါ။ ပွဲတက်အစီအစဉ်တွေများေ နတဲ့ဒေါ်အောင်ဆန်းစု ကြည်အတွက် ဝန်ထုပ်ဝန်ပိုးတွေမဖြစ်အောင်ဆိုပြီး အကြောင်းပြပေမယ့်၊ တဖြည်းဖြည်း ဒ်ါအောင်ဆန်း စုကြည်ရဲ့လုပ်ပိုင် ခွင့်တွေကိုချုပ်ကိုက်လိုက်တာဆို ရင်တော့ တိုင်းပြည်အနာဂတ်အရေးတွေးမိရင် ရင်လေး စရာပါ။
မြတ်လှိုင်း
Unity Journal, Vol-1, No-9,January 20, 2018
Comments
Post a Comment