သစ်ခက်သံလွင်ကဗျာ - မင်းငြိမ်းအေး၊ နေလွဏ်းအိမ် နှင့် မောင်ထိန်လင်း(မြို့သာ)တို့၏ကဗျာများ

 နည်းပညာကဗျာ
မင်းငြိမ်းအေး

ထားပါကွာ
ဘုရားဆိုတဲ့ကောင်တွေက
သူတို့အချင်းချင်း
ထိပ်တိုက်မတွေ့ပါဘူး ။

ဘုရားတွေရဲ့သောကဆိုတာ
သူတို့ပြောစရာ
လူမရှိမှာပဲ
စိုးရိမ်တယ် ။

လူသားမျိုးနွယ်ပြတ်ရင်
ဘုရားမျိုးနွယ်ပြတ်တယ် ။

ခွာညိုလေးအမြစ်စွဲပြီလား
ငါလည်း
ဘုရားတနေရတယ် ။
...
catalogue.successiomiro.co
 ခိုး​ပြေးတဲ့ည
နေလွဏ်းအိမ်

ပျော်​တယ်​ဆို​ပေမယ့်
ထိတ်​လန့်​စိတ်​​တွေကထိန်းချုပ်​မရခဲ့ဘူး
ပိုးစုန်းကြူးတကောင်​ရဲ့လမ်းပြမှုမှာ
မင်းလက်​ကိုတွဲရင်းဆူးတွေကို​ကျော်​ဖြတ်​ခဲ့​ပေါ့
အ​အေးဒဏ်​မလုံတဲ့ တဲကုတ်​ဟာကြယ်​​ရောင်​စုံတဲ့ကမ္ဘာ
ကဲ ဒီည​တော့မီးပိတ်
အနာဂတ်​မှာ​တောက်ပ​ဖို့နှစ်​ကိုယ်​တူလင်းလက်​ရဦးမယ်​။
abstractartlesson.com
နဖူးပြင်နဲ့ မှတ်ထားတဲ့ သံပူစာ
မောင်ထိန်လင်း(မြို့သာ)

ခလုတ်မတိုက်လောက်ပါဘူးဆိုပြီး သေတ္တာထဲဝင်ပုန်းနေသူကိုမှ
ကောင်းကင်က တည့်တည့်ပါးလျလို့
ခေါက်ထည့်ထားသမျှ တိုက်ဆွေးနာဖြစ်လို့
ရိုသေလို့ကို မရပါဘူးလေ။
မြင်းခွာမှာ သံမှိုမယ်နတချက်ပါပဲ
ရေငုတ်သင်္ဘောဝမ်းဗိုက်မှာ ဂေဆက်တချက်ပါပဲ
မျက်လုံးထဲမှာ ဆံခြည်မျှင်သွေးကြောတချောင်းပါပဲ
နှလုံးသားအဆို့ရှင်မှာ သွေးခဲလေးပါပဲ
ငါ့မြို့တော်ကြီး ကျဆုံးခဲ့ရတယ်။
မိစ္ဆာနတ်တွေရဲ့
နဖူးမှာ ကပ်ပေးလိုက်တဲ့ သံပူစာ
ကျွန်သဘောက်လို့ မထွန်းပေါက်စေတဲ့ သံပူစာ
ဘယ်ကြားမှာဖြစ်ဖြစ် ရူးလောက်စေတဲ့ သံပူစာ
မြစ်ကမ်းနဖူး သောင်ခုံပေါ်မှာ တဗြီးဗြီးပွတ်တိုက်
သွေးအလိမ်းလိမ်းထွက်ပါစေပွတ်တိုက်
ငါ နဖူးအမာရွတ်နဲ့ မြစ်ထဲ နှစ်ခါရေချိုးခဲ့ပေါ့။




Comments

Post a Comment