ထက်သင့်ငြိမ် - တခြမ်းပဲ့စက်ဝန်း


Art- KT#
တခြမ်းပဲ့စက်ဝန်း 
ထက်သင့်ငြိမ်
(သစ်ခက်သံလွင်) မေ ၇၊ ၂၀၂၆ 

မိသားစုမိုးက ခေါင်တယ် 

ကျည်ဆံတွေအသက်ဆုံးတဲ့တနေ့
လည်ကတုံးနဲ့ အိမ်ပြန်မယ်

အိပ်မက်တွေ အမှောင်နဲ့ချည်နှောင်ထားတယ်ဆိုပေမယ့် 
ကိုယ်ပိုင်အလင်းတွေက 
သူရဲကောင်းရဲ့ကျောက်ထွင်းအက္ခရာ

စိုးရိမ်ရေမှတ်အထက် ဖြန့်ကျက်စီးတဲ့ ဒုက္ခတွေ 
ဒါ ပြည်သူလို့ ခေါ်သတဲ့လား 
ထားပါလေ အချိန်အခါအရ

မေတ္တာတရားဆိုတာ
ဘာလက်နက်မှမလိုဘူးတဲ့ 
မေတ္တာတရားနဲ့ ဘဲ သူရဲကောင်းတွေ 
လက်နက်ကိုင်ခဲ့ကြတယ်
မေတ္တာစစ်သည်တော်တွေပေါ့ 

ငြိမ်းချမ်းရေးက
ဝေးကောင်းဝေးပါလိမ့်မယ်
ဘယ်တော့မှ ပန်းမပေးဘူး ။ ။




Comments