ကြေနိုင်ပါရိုးလား
မနအ
(သစ်ခက်သံလွင်) မေ ၄၊ ၂၀၂၆
မုတ်ဆိတ်ကျင်စွယ် ရိတ်တယ်
လက်သည်းခြေသည်း ညှပ်တယ်
ယံ ဒုန္နိမိတ္တံ အဝ မင်္ဂလင်စ လို့
ဂဃနဏမသိတဲ့ဂါထာတော်နဲ့ ခေါင်းလျှော်တယ်
ပြီးတော့
လှောင်အိမ်ထဲ ထည့်ဝှက်ထားတဲ့
ဖြူဖြူဆွတ်ဆွတ် ချိုးငှက်ကလေးကို
နင့် အသက်တခါ လွှတ်၊ငါ့အသက် ဆယ်ခါလွတ် ဆိုပြီး
လွှတ်တယ် ။
ကဲ ဘာကျန်သေးလဲ
ကာယကံ အမှု ပြုပြီးပြီ
ဝစီကံ အနေနဲ့လည်း ရွတ်ဆိုပြီးပြီ
အဲ မနောကံ
မနောကံအရ အာနာပါန သမထ
ရ ပြီ
ပီပီပြင်ပြင် ရှု မှတ် အာရုံပွား
အား မီးပုံတွေပါလား
မီးပွားတွေ အလျှံညီးညီး
သည်းခံ သည်းခံ၊ မှတ် မှတ်
ပြတ်ဟဲ့ မီးအာရုံ
ဟာ ပြာမှုန်တွေရောက်လာပါလား
အမြင်တွေ ဝါးနေလိုက်တာ
သွားဟ သွားဟ ပြာအာရုံ
အို ဘယ်လိုပုံတွေများလဲ
တစစီလွင့်ဝဲနေတဲ့ စာရွက်အပိုင်းအစတွေ
အပိုင်းပိုင်းပြတ်နေတဲ့ အသားစတွေ
ပြီးတော့
အသံဗလံတွေ
အဲဒီ အသံတွေကြားက
အသံတစ်သံ ကြားရ ထင်ပါ့
ဘာ ။
နှစ်ဟောင်းကို ဘယ်လိုချေချေ
ကြေနိုင်ပါရိုးလား ။ ။
၁၈ ဧပြီ ၂၀၂၆
.
မနအ
(သစ်ခက်သံလွင်) မေ ၄၊ ၂၀၂၆
မုတ်ဆိတ်ကျင်စွယ် ရိတ်တယ်
လက်သည်းခြေသည်း ညှပ်တယ်
ယံ ဒုန္နိမိတ္တံ အဝ မင်္ဂလင်စ လို့
ဂဃနဏမသိတဲ့ဂါထာတော်နဲ့ ခေါင်းလျှော်တယ်
ပြီးတော့
လှောင်အိမ်ထဲ ထည့်ဝှက်ထားတဲ့
ဖြူဖြူဆွတ်ဆွတ် ချိုးငှက်ကလေးကို
နင့် အသက်တခါ လွှတ်၊ငါ့အသက် ဆယ်ခါလွတ် ဆိုပြီး
လွှတ်တယ် ။
ကဲ ဘာကျန်သေးလဲ
ကာယကံ အမှု ပြုပြီးပြီ
ဝစီကံ အနေနဲ့လည်း ရွတ်ဆိုပြီးပြီ
အဲ မနောကံ
မနောကံအရ အာနာပါန သမထ
ရ ပြီ
ပီပီပြင်ပြင် ရှု မှတ် အာရုံပွား
အား မီးပုံတွေပါလား
မီးပွားတွေ အလျှံညီးညီး
သည်းခံ သည်းခံ၊ မှတ် မှတ်
ပြတ်ဟဲ့ မီးအာရုံ
ဟာ ပြာမှုန်တွေရောက်လာပါလား
အမြင်တွေ ဝါးနေလိုက်တာ
သွားဟ သွားဟ ပြာအာရုံ
အို ဘယ်လိုပုံတွေများလဲ
တစစီလွင့်ဝဲနေတဲ့ စာရွက်အပိုင်းအစတွေ
အပိုင်းပိုင်းပြတ်နေတဲ့ အသားစတွေ
ပြီးတော့
အသံဗလံတွေ
အဲဒီ အသံတွေကြားက
အသံတစ်သံ ကြားရ ထင်ပါ့
ဘာ ။
နှစ်ဟောင်းကို ဘယ်လိုချေချေ
ကြေနိုင်ပါရိုးလား ။ ။
၁၈ ဧပြီ ၂၀၂၆
.

Comments
Post a Comment