သစ်ခက်သံလွင် ကဗျာစင်မြင့်၊ ရွှေကြယ်မိုး၊ ဝါကျဖြူ ၊ သျှင်မျိုးငယ်တို့၏ကဗျာများ

ပင်မသွေးကြော  
 

မင်း အကြည့်

မင်း အချစ်

မင်း အသံ

မင်း အပြုံး

မင်း တော်လှန်ရေး

မင်း ငြိမ်းချမ်းရေး

ငါ့မှာ တသက်လုံး

ကွန်မြူနစ်ကြေညာစာတမ်းကို ဖတ်လို့မဝနိုင်သလို

မင်း အလှကို တသက်လုံး ကြည့်လို့ မဝတော့ဘူး

ရေဆာသလို

ရေငတ်သလို

ဆေးလိပ်သောက်ချင်သလို

ငါဟာ တသက်လုံး။ ။

ရွှေကြယ်မိုး

ဆံနွယ်လွင့်လွင့်...နှင်းစက်ပေပေ...
တုန်ရီဝေမူး...ကြုံဖူး ညနက်




သစ်ပင်ထဲနစ်နေတဲ့မြစ်တွေ အရိပ်တွေ

လှိုင်းရဲ့ဆင့်ပွား ထွှင်းထုရာများ

ကတုန်ကရီနဲ့ သစ်မြစ်ကိုလှမ်းကိုင်ခဲ့

အရိပ်ဟာ လေထက် စိမ်းကားမှုဆီ တိမ်းညွှတ်လို့။



အခြားသောဆောင်းဦးနဲ့

တိမ်းမူးခဲ့ဖူးသော နှင်းတွေ

ကိုယ်ရဲ့လေရူးဆန် အပြုံးတွေ

လွတ်ကျသွားတဲ့ မီးပန်းအစအနတွေ

ညဟာ ဘယ်လိုတောင်ပံနဲ့ ထပျံမလဲ

ခွက်က ဖြည့်ဆည်းမှုဆီ ငံ့လင့်နေဆဲ။



ဆံနွယ်ထဲ ကျစ်ကျစ်လစ်လစ် ပျော်ဝင်နေတဲ့ နှင်းတွေ

မြစ်လို နွံတွေနဲ့တောင် မစီးနိုင်ဘူး

သီးနှံနဲ့လူအဖွဲ့အစည်းအတွက်

တဖျောက်ဖျောက် ခြောက်ခြားဖွယ် ခြေသံ

လွတ်မြောက်ရာလမ်းစ

အရိုးအရင်းမှာ ကပ်ငြိနေခဲ့သော နှင်း...အေးစက်

ကိုယ်အရိပ်တွေကို

နှစ်ပေါင်းများစွာရေခဲအနံ့အသက်တွေရဲ့လွတ်ရာ

ပြူတင်းတံခါးနားရွှေ့စိုက်လိုက်ချင်တယ်။


ဝါကျဖြူ
ဘဝအမော
en.wikipedia.org
 ပြန့်ကျဲနေတဲ့ စိတ်ကူးတွေကို

တစစီလိုက်ကောက်နေရတာနဲ့

ကိုယ့်ကိုယ်ကို နေရာတကျမထားဖြစ်သေးဘူး....

တခါတခါ

စီစီရီရီဖြစ်ဖို့

ဗီရိုတခုထဲ ပြေးဝင်လိုက်ရ

ခေါက်ရိုးကျိုးဖို့

မီးပူတခုအောက် ငုံ့ဝင်နေလိုက်ရ

သံသရာဟာ အထပ်ထပ်အခါခါ လည်နေရဲ့.....

မျက်နှာသစ်ပြီးသား မျက်နှာအဟောင်းတွေရဲ့ကြားမှာ

ဒီဘဝတခုလုံးစာ

ပြာကျမသွားခင်အချိန်အထိ

ကိုယ့်ကျင့်တရားကို စတေးနေရတယ်.....

တခါတရံ

ကတွက်ပေါက်က စောင့်နေတဲ့ဗျိုင်းလို

ငါးမရဘဲ နှုတ်သီးနာခဲ့တာတွေ များလိုက်တာ။  ။
                                                         
သျှင်မျိုးငယ်

Comments