သစ်ခက်သံလွင် တကိုယ်တော်ကဗျာ၊ လင်းသက်ငြိမ်၏ "ကမ္ဘာ" ကဗျာများ

လင်းသက်ငြိမ်၏ ကမ္ဘာ ကဗျာများ
 
 Pinterest
 ကမ္ဘာ

စိမ်းလန်းပြီးပြန်ခြောက်သွေ့ခဲ့တယ်

ခြောက်သွေ့ပြီး

ပြန်လည်စိမ်းလန်းစေချင်ပါတယ်


လင်းသက်ငြိမ်

ကမ္ဘာ

ပျော်ရွှင်ခြင်းက
ပါးလျားလာတဲ့သစ်တောတွေအတိုင်း
ချစ်မေတ္တာက
ကုန်ခမ်းလာတဲ့သယံဇာတတွေအတိုင်း
ငြိမ်ချမ်းရေးက
ဘယ်သူမှမမြင်ဖူးတဲ့ဲ့နတ်ဘုရား
အတိုင်း
ကမ္ဘာလား
လင်ဆိုးနှစ်ယောက်နဲ့ညားပြီး
သားဆိုးမအေဖြစ်နေရှာတဲ့
မုဆိုးမအတိုင်း...။


လင်းသက်ငြိမ်
8.6.2014

ကမ္ဘာ

တစ္ဆေမွေးသူလို
ကိုယ့်အတတ်ကိုယ်စူးလို့
ကိုယ့်ကြိုးကွင်းကကိုယ့်လည်ပင်းေ
ပါ်
ကျကျနနကြီးနေရာထိုင်ခင်းနဲ့
ကိုယ့်သေတွင်းကိုယ်တူးတာထက်
ယုတ်မာပက်စက်တဲ့
နည်းပညာအသစ်အဆန်းများ...
ကမ္ဘာပျက်ဖို့
မေတ္တာတရားတွေအရင်ဆုံး
သေဆုံးနှင့်ကြပေါ့...။


လင်းသက်ငြိမ်


ကမ္ဘာ

ပိုက်ဆံရှိတဲ့လူတွေအများကြီး
ပိုက်ဆံမရှိတဲ့လူတွေအများကြီး
ဦးနှောက်နဲ့နှလုံးသားက ငြိမ်းချမ်းရေးရဖို့မလွယ်ကူ။


လင်းသက်ငြိမ်


ကမ္ဘာ

လေထဲက အညစ်အကြေးများ
ရေထဲကအဆိပ်များ
မြေကြီးထဲက အနာတရများ
ဟောင်းမြှင်းသောနောင်တများနဲ့
ကြောက်ရွံ့နေတဲ့ လူများ
အဆိပ်အဆိပ်ချင်း မှီတင်းနေထိုင်ကြတော့
ပန်းတွေလည်း ရနံ့တွေပိုဆန်းပြားလာတော့တယ်။


လင်းသက်ငြိမ်

ကမ္ဘာ

တဖြည်းဖြည်းနဲ့ပျော်စရာတွေရှားလာတဲ့အခါ
နာကျင်ရတဲ့အဖြစ်အပျက်တွေများမျာ
းလာတယ်
အိုဇာတာမကောင်းတဲ့ကမ္ဘာလို့
တံဆိပ်ကပ်ရမှာလား
လက်နက်အသစ်အဆန်းနဲ့စစ်တွေ
နာမည်အသစ်အဆန်းနဲ့ရောဂါတွေ
ဂြိုဟ်ပြာကြီးမှာ ရုံခါနေတဲ့အတိုင်းပါပဲလား
ကမ္ဘာ...။ ။

လင်းသက်ငြိမ်

ကမ္ဘာ

ကိုယ့်ရင်ကိုယ် ဗလာကျင်းထားလိုက်ပါ
ဆက်လက်၍ အနာအကျင်ဇာတ်လမ်းများနဲ့
မျက်ရည်မိုးတိမ်တို့
အစုလိုက်အပြုံလိုက်အုပ်စုလိုက်
ပျံသန်းနေတဲ့ကမ္ဘာ။

လင်းသက်ငြိမ်


ကမ္ဘာ

ငိုကြမယ်ငါတို့ဆက်ငိုကြမယ်
ပျော်စရာတွေအကြောင်း
လွမ်းလွမ်းဆွေးဆွေးဖွဲ့နွဲ့ရင်း
ငိုကြမယ် ငါတို့တွေငိုကြမယ်။


လင်းသက်ငြိမ်
၄၃၁၄

ကမ္ဘာ

ပန်းခင်းကိုတွေ့ပြီလားလို့
မမေးရက်တော့ဘူး
အနိဋ္ဌာရုံတွေထပ်နေတဲ့ကမ္ဘာ။

လင်းသက်ငြိမ်

Comments